♥️ အပိုင်း 33 ♥️

11K 599 16
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 33 ♥️

"ဖိုးဖိုးကြီး .... သားတို့ဆီကို video call ခေါ်ချင်ရင်လေ ဒီဟာလေးထဲကို အရင်၀င်လိုက်နော်.... ပြီးရင် ဒီခလုတ်လေးကို နှိပ်လိုက်ရင်ရတယ် သိလား.... အဲ့တာဆိုရင် သားတို့က ဖုန်းထဲကနေ ဖိုးဖိုးကြီးနဲ့ မျက်နှာချင်းဆိုင်ကြည့်ပြီး စကားပြောလို့ရသွားပြီ .... ဖုန်းပြောရင်ကျတော့ အသံပဲ ကြားရမှာ .... အခု Video call ကျတော့ မျက်နှာပါ မြင်ရတော့ ပိုကောင်းတာပေါ့ ဖိုးဖိုးကြီးရဲ့ ....."

"ဟားဟား.... ဟုတ်တာပေါ့ ....ကြည့်ပါဦး ဖိုးဖိုးကြီးရဲ့ မင်းစက်လေးက တော်လိုက်တာ..... ဒီဟာလေးထဲကို အရင်၀င်ပြီး ဒါလေး နှိပ်လိုက်ရင်ရပြီမဟုတ်လား ​မင်းစက်လေး...."

"ဟုတ်တယ် ဖိုးဖိုးကြီး... အဲ့နှစ်ခုပဲရယ် "

ရှင်မွေ့ အဖိုးရဲ့ အခန်းဆီ ရောက်ရောက်ချင်းမှာပဲ အဖိုးအား Video Call ခေါ်နည်းကို သင်ပေးနေတဲ့ သားလေးရဲ့ အသံနဲ့ သဘောကျစွာရယ်လိုက်သည့် အဖိုးရဲ့ အသံတို့ကို ကြားလိုက်ရသည်။

သူ့ဘ၀သက်တမ်းတစ်လျှောက်လုံး စီးပွားရေးလုပ်ငန်းပေါင်းများစွာကို ဦးဆောင်ဦးရွက် ပြုလာခဲ့သည့် အဖိုးက အခုတော့ ​မြစ်ဖြစ်သူ သားလေးဆီမှ video call ခေါ်ပုံခေါ်နည်းအား ပြန်သင်နေတာကိုကြည့်ပြီး ရှင်မွေ့ အသာ ပြုံးလိုက်မိသည်။

အဖိုးရဲ့ ကျန်းမာရေးလဲ သိသိသာသာပြန်ကောင်းလာပြီမို့ မနက်ဖြန်ဆို ရှင်မွေ့တို့ မိသားစု ရန်ကုန်ကို ပြန်ကြတော့မှာ ဖြစ်သည်။

မပြန်ခင် စက်ရယ်၊ သားကြီး ကောင်းစက်ရယ်၊ သားငယ် ခွန်းစက်လေးရယ်က အဖိုးကို ကန်တော့ဖို့အတွက် ပစ္စည်းတွေ သွား၀ယ်နေကြသည်။

သားလေးမင်းစက်ကတော့ အခုလို အဖိုးအနားမှာနေပြီး Video call ဘယ်လိုခေါ်ရမလဲဆိုတာကို အဖိုးအား သေချာရှင်းပြနေလေသည်။ သူမတို့ပြန်သွားရင်
အိမ်ထဲမှာ ဟာတာတာနဲ့ ကျန်ခဲ့မယ့် အဖိုးအတွက် သားလေးရဲ့ Video Call အကြံလေးက မဆိုးဘူးဟု ရှင်မွေ့ ထင်မိသည်။

ရန်ကုန်ပြန်ရောက်သွားလဲ သူမတို့နဲ့ Video Call ခေါ်ပြီး စကားလေးတွေ လှမ်းပြောလို့ရတော့ အဖိုးအနေနဲ့ အရင်ကလောက် အထီးကျန်မှာ မဟုတ်တော့ပေ။

♥️ Extraordinary Marriage ♥️Where stories live. Discover now