🚨 အပိုင်း 23 🚨

32.2K 861 12
                                    

Extraordinary Marriage

[ ထူးခြားသော လက်ထပ်ခြင်း ]

🚨 အပိုင်း 23 🚨

"Fluffy ရေ .... ဒီကိုလာ.... ဒီကိုလာ.... ကိုကို့ဆီကိုလာ....."

"မဟုတ်ဘူး Fluffy .... ကိုကို 2 ဆီကို လာခဲ့ .....ကိုကို 2က ဒီအ၀ိုင်းလေးကို ပစ်ပေးမှာနော် ......ကိုကို 2 ဆီ ရောက်အောင် လာခဲ့ "

Fluffy မှာ အစ်ကို နှစ်ယောက်ကြား ဟိုပြေးလိုက် ဒီပြေးလိုက်ဖြင့် ဗျာများနေရရှာတာကိုကြည့်ပြီး ရှင်မွေ့  အသာပြုံးလိုက်မိသည်။

ထိုအချိန်တွင် ကောင်းစက်အား သင်တန်းမှ သွားကြိုခဲ့သည့် စက်ရဲ့ ကား အနက်ရောင်ကြီးက ခြံထဲသို့ ကွေ့၀င်လာလေသည်။

ကားသံကြားတာနဲ့ မင်းစက် ချက်ချင်းပဲ နောက်ကို လှည့်ကြည့်လိုက်မိသည်။

"ဟာ .... ဒယ်ဒီ ကိုကို့ကိုသွားကြိုပြီး ပြန်လာပြီ......"

မင်းစက် လက်ထဲမှ Fluffy နဲ့ ကစားနေသည့် အနီရောင်အ၀ိုင်းပြားလေးကို ကိုင်ပြီး ဒယ်ဒီရဲ့ ကားဆီကို ပြေးသွားလိုက်လျှင် ညီလေးခွန်းစက်နဲ့ Fluffy တို့ကပါ
သူ့နောက်ကနေ ပြေးလိုက်လာကြသည်။

ကောင်းစက် ကားပေါ်မှ ဆင်းလာချိန်တွင် သူနဲ့ ဒယ်ဒီ့ဆီကို ပြေးလာကြသည့် ညီလေး၂ယောက်နဲ့အတူ Fluffy တို့ကို မြင်လိုက်ရတာကြောင့် သွားလေးတွေပေါ်အောင် ပြုံးလိုက်မိသည်။

စက်မှာလဲ သူနဲ့ သားကြီးအနားကို ရောက်လာကြသည့် သားလေး၂ယောက်နဲ့ Fluffy လေးကို မြင်ပြီး အသံထွက်ကာရယ်လိုက်မိသည်။

ရှင်မွေ့ကတော့ သူတို့သားအဖတွေဆီကို ဖြည်းဖြည်းချင်းသာ လျှောက်လာလေသည်။

သူပြန်ရောက်လာ၍ သူ့ခြေထောက်ကြားထဲမှာ ခုန်ပေါက်ပျော်ရွှင်နေသည့် Fluffy လေးကို ကောင်းစက်ပွေ့ချီလိုက်ပြီး သဘောကျစွာရယ်လိုက်မိသည်။

"သား .... မာမီနဲ့ ညီလေးတွေကို သတင်းကောင်းလေး ပြောပြလိုက်ဦးလေ....."

"အာ.....ဒယ်ဒီကလဲ အဲ့တာကလထွေထွေထူးထူးမဟုတ်ပါဘူး....."

"သားကလဲ ဘာလို့ ထွေထွေထူးထူးမဟုတ်ရမှာလဲ....မာမီနဲ့ ညီလေးတွေကို ပြောပြလိုက်ပါ..... သားမပြောရင် ဒယ်ဒီ ပြောလိုက်မှာနော်....."

♥️ Extraordinary Marriage ♥️Where stories live. Discover now