♥️ အပိုင်း 48 ♥️

10.5K 599 14
                                    

Extraordinary Marriage

[ ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 48 ♥️

ရနေပြီဖြစ်တဲ့ Salmon အသားလုံးကြော်လေးတွေကို ဆီအိုးထဲမှ ဆယ်ကာ ဇကာလေးထဲထည့်ပြီး ရှင်မွေ့  ဆီလေး စစ်ထားလိုက်သည်။

ထို့နောက် ပြုတ်ပြီးနွှင်ထားသည့် ကြက်ပေါင် အသားလေးတွေကို အသားကင်ဆော့စ်လေးနဲ့ အချိုလေး နှပ်လိုက်သည်။

ကြက်ပေါင်ရဲ့ နူးညံ့တဲ့ အသားလေးတွေက ပြုတ်ထားပြီးသားမို့ ဆော့စ်နဲ့ နှပ်တဲ့အခါမှာ တစ်အောင့်လေးပဲ ချက်လိုက်ရသည်။ ကျက်သွားတဲ့အချိန်မှာတော့ ပန်းကန်တစ်ခုထဲ ရှင်မွေ့ ပြောင်းထည့်လိုက်ကာ အိုးကို မဆေးနေတော့ဘဲ တစ်ဆက်ထဲ Baby cornရယ်၊ မုန်လာဥနီရယ်၊ ရွှေပဲသီးရယ် 3 မျိုးကို အစိမ်းကြော်လေး ကြော်ဖို့လုပ်ရသည်။

ထိုအချိန်မှာပဲ တစ်ဖက်မှာတည်ထားတဲ့ ပဲနီလေးနဲ့ကြာဆံဟင်းချိုကလဲ ပွက်ပွက်ဆူနေပြီမို့ ရှင်မွေ့  မီးပိတ်လိုက်သည်။

ခွန်းစက်လေးပါ မူကြိုတက်ပြီမို့ မနက်ဆို သူမပြင်ဆင်ရတဲ့ ထမင်းဘူးလေးက ၃ဘူး ဖြစ်သွားခဲ့သည်။

တစ်နေ့တစ်နေ့ သူတို့လေးတွေရဲ့ ထမင်းဘူးအတွက် ဟင်းအမယ်လေးတွေစဥ်းစားရတာ တော်တော်လေးတော့ ခေါင်းခြောက်ရသည်။ ဒါပေမဲ့လဲ ဒီနေ့တော့ ဟင်းလေးတွေကောင်းတာမို့ သားလေး ၃ယောက်လုံး ထမင်းမြိန်ဖို့ မျှော်လင့်သည်။

အစိမ်းကြော်လေးပါ ကျက်သွားသည့်အချိန်မှာတော့ နှစ်ဆင့်ပါသည့် ထမင်းဘူးလေး ၃ဘူးကို ရှင်မွေ့ ယူလိုက်ပြီး ထမင်းဘူး ပြင်ပေးဖို့လုပ်ရသည်။ အရင်ဆုံး ကြီးတဲ့အကန့်လေးထဲတွင် ထမင်းကို ထည့်လိုက်ပြီး ဘေးအကန့်လေးမှာတော့ Salmon အသားလုံးကြော်လေးတွေကို ထည့်လိုက်၏။ နောက်တစ်ဆင့်မှာတော့ ကြက်ပေါင်အသားလွှာအချိုနှပ်လေးနဲ့ အစိမ်းကြော်တို့ကို တစ်ကန့်စီ ထည့်လိုက်သည်။

ဟင်းချိုကိုတော့ အဖုံးလုံသည့် ဘူးအ၀ိုင်းလေးနဲ့ပဲ သပ်သပ်ထည့်လိုက်ပြီး သားလေးတွေကြိုက်သည့် မုန့်ထုပ်လေးတွေနဲ့ ချောကလက်ဘူးလေးတွေကိုလဲ ရေခဲသေတ္တာထဲမှ ထုတ်လိုက်သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now