♥️ အပိုင်း 77 ♥️

7.6K 482 11
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 77 ♥️

"ဒါ ဒါ ဒါး ...."

ယွန်းက ခွန်းစက်ဆီကို သွားချင်တယ်ဟု ပြောလာလျှင် ကောင်းစက် လွှဲပြောင်းပေးလိုက်ရသည်။

ထိုအခါ ခွန်းစက်ကလဲ ယွန်းလေးကို မနိုင်မနင်းနဲ့ ပွေ့ချီလေသည်။

အဟွန်း .... အခုတော့ပြန်အဆင်ပြေသွားကြပြီ ဖြစ်၏။

ညီနဲ့ ညီမ ငိုတုန်းက လိုက်ငိုခဲ့တဲ့ မင်းစက်မှာလဲ အခုတော့ သူ့ရဲ့ အငယ်လေး၂ယောက်ကို ဖက်ပြီး ပြုံးနေလေသည်။

စောစောကအပြိုင်ငိုနေကြတာ သူတို့ မဟုတ်တော့တဲ့အတိုင်း အရမ်းတွေချစ်နေကြတဲ့ ညီ ၂ယောက်နဲ့ ညီမလေးကို ကြည့်ကာ ကောင်းစက် ခေါင်းခါပြီး ပြုံးလိုက်မိသည်။

တစ်ဦးတည်းသော သမီးဖြစ်တဲ့ သူမအတွက် ကလေး ၃ယောက်ကို ကြည့်ပြီးမောင်နှမတွေရဲ့ နွေးထွေးမှုကို ခံစားလိုက်ရတာကြောင့် ဖောင်းဖောင်း ကောင်းစက်အား အားကျသလို ကြည့်လိုက်မိသည်။

ထိုအခါ ကောင်းစက်ကလဲ သူမအား ပြန်ပြီး ငဲ့ကြည့်လာတာကြောင့် အကြည့်ချင်းဆုံသွားရပြီး ဖောင်းဖောင်း လန့်ဖြန့်ကာ ချက်ချင်းမျက်နှာကို လွှဲလိုက်မိသည်။

"ဟော .... ဖောင်းဖောင်းလေး ရောက်နေတာပဲ ...."

ထိုအချိန်မှာပဲ ကောင်းစက်အမေရဲ့ အသံကို ကြားလိုက်ရတာကြောင့် ဖောင်းဖောင်း မော့ကြည့်လိုက်မိသည်။

အပေါ်ထပ်ဆီမှ ကောင်းစက်အမေရော အဖေရော ဆင်းလာကြတာဖြစ်သည်။

"မာမီရော ဒယ်ဒီရော တော်တော်ကောင်းတယ်နော်..... နှစ်ယောက်လုံး အောက်မှာ ကလေးတွေ ငိုနေကြတာကို မသိဘူးမဟုတ်လား......"

"ဟင် ဘာဖြစ်ကြလို့လဲ သား ...."

ရှင်မွေ့မှာလဲ အဲ့တော့မှ ဖက်လျက်သားရှိနေကြတဲ့ သမီးနဲ့ သားလေး ၂ယောက် ဘက်ကို လှည့်ကြည့်ကာ အံ့သြသွားမိသည်။

"ခွန်းစက်က မနက်ဖြန် မူကြိုမှာ ပန်းချီပြိုင်ပွဲ၀င်ရမှာမို့ ပုံဆွဲနေတာကို ယွန်းက အဲ့ပန်းချီလေးပေါ်မှာ ဖယောင်းရောင်စုံ အနက်ရောင်နဲ့ မျဥ်းကြီး ၀င်ဆွဲလိုက်တာ မာမီ..... ပန်းချီပျက်စီးသွားလို့ ခွန်းစက်ကငိုတော့ ယွန်းကပါ လိုက်ငိုရော..... အဲ့မှာ မုန့်ယူပြီး ထွက်လာတဲ့ မင်းစက်ကပါ အငယ်၂ယောက်ငိုတော့ သူပါ ထပ်ငိုတာ..... သုံးယောက်လုံး အပြိုင်ငိုနေကြတော့ သားလဲ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး ......ဒီဘက်က ဖောင်းဖောင်း ၀င်ချော့ပေးတော့မှ သုံးယောက်လုံး အငိုတိတ်သွားကြတာ....."

♥️ Extraordinary Marriage ♥️Where stories live. Discover now