♥️ အပိုင်း 49 ♥️

9.8K 555 8
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 49 ♥️

"မာမီ သားတို့ သွားပြီနော်...."

"မာမီ တာ့တာ ...."

"မာမီ တာ့တာ....."

သူမကို တာ့တာလေးတွေကိုယ်စီပြပြီး နှုတ်ဆက်ကာ ကားပေါ်သို့ တက်သွားကြသည့် သားလေးတွေကိုကြည့်ပြီး ရှင်မွေ့ ပြုံးလိုက်မိသည်။

"ရှင်မွေ့  ကိုယ်သွားပြီနော်....."

စက်ကလဲ သူမခါးလေးကိုဖက်ပြီး နှုတ်ဆက်လာလျှင် ရှင်မွေ့ အပြုံးလေးတစ်ပွင့်နဲ့ စက်အား ပြန်လည် ခေါင်းလေးငြိမ့်ပြလိုက်သည်။

"အယ်.... ခဏလေး စက်.....စက်ရဲ့ နက်ခ်တိုင် စောင်းနေတယ်....  ရှင်မွေ့ပြန်လုပ်ပေးမယ်......"

အနည်းငယ်စောင်းနေတဲ့ စက်ရဲ့ နက်ခ်တိုင်လေးကို ရှင်မွေ့ ပြန်ပြီး တည့်ပေးလိုက်တော့ စက်က သူမနဖူးပေါ်သို့ အနမ်းလေးတစ်ပွင့်ကို တံဆိပ်ခတ်နှိပ်လာလေသည်။

"ကိုယ့်မိန်းမကို အဲ့တာတွေ ချစ်ရတာ....."

"သွားပါ အပိုတွေ....."

"ဒယ်ဒီရေ .... သားသားမူကြိုနောက်ကျတော့မယ်နော် ....."

"သားနဲ့ ကိုကိုရောပဲ ကျောင်းနောက်ကျတော့မယ် ဒယ်ဒီ ....."

"ဒယ်ဒီ သားတို့ မြန်မြန်သွားရအောင် ...."

ကားနောက်ခန်းထဲကနေ ခေါင်းလေးတွေ ထွက်​ပြီး ပြောလာသည့် သားတွေကို စက် မျက်လုံးတွေမှေးစင်းကာ ကြည့်လိုက်မိသည်။

သားလေး ၃ယောက်ရဲ့ မျက်စိရှေ့မှောက်မှာဆို သူနဲ့ ရှင်မွေ့မှာ စကားပင် ပူးပူးကပ်ကပ်ပြောလို့ မရပေ။ တကယ်ကို ဘယ်လိုကောင်လေးတွေမှန်း မသိပေ။

"ရှင်မွေ့  ညနေ ဘာစားချင်လဲ .... ကိုယ်ရုံးဆင်းရင် ဘာ၀ယ်ခဲ့ရမလဲ....."

"စက်က ဒီနေ့ စောစောပြန်လာမှာလား.... ပြန်လာရင်တော့ စက်တို့ ကုမ္ပဏီနားမှာ ဖွင့်ထားတဲ့ အသီးဆိုင်လေးကနေ ရှင်မွေ့အတွက် လိမ္မော်သီးလေးတွေ ၀ယ်ခဲ့ပေးပါလား......အိမ်မှာ လိမ္မော်သီးတွေ ကုန်နေပြီမို့ ..... "

♥️ Extraordinary Marriage ♥️Where stories live. Discover now