♥️ အပိုင်း 31 ♥️

13.5K 674 16
                                    

Extraordinary Marriage

[ ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 31 ♥️

မနက်တစ်ပိုင်း လည်ပတ်လို့ပြီးတဲ့နောက်မှာတော့ ညနေကို ခြံထဲမှာပဲ ကြီးကြီးဘုံနဲ့ ရှင်မွေ့တို့ ဘာဘီကျူး လုပ်စားဖို့အတွက် ပြင်ဆင်နေမိသည်။

"ကိုကိုရေ ဒယ်ဒီ ဂိုးသွင်းတော့မယ်..... ဘောလုံးကို သေချာဖမ်းနော်....."

"ဟာ.... ဒယ်ဒီ ဂိုး၀င်လို့မရဘူး ကိုကို 1 ရေ သေချာဖမ်းနော်....."

ဒယ်ဒီက သူ စောင့်နေသည့် ဂိုးပေါက်ဆီကို တည့်တည့်ချိန် ကန်လိုက်တာကြောင့် ကောင်းစက် ဘောလုံးကိုပဲ အာရုံစိုက်ကြည့်ကာ သူ့ဆီရောက်လာသည့် ဘောလုံးကို လက်နှစ်ဖက်ဖြင့် သေချာ ဆုပ်ဖမ်းလိုက်သည်။

"ရေး!!! ဒယ်ဒီ ဂိုး မ၀င်တော့ဘူး "

"သားတို့ နိုင်ပြီ!!! ရေး !!! "

ကောင်းစက်က သူ့ဒယ်ဒီ သွင်းလိုက်သည့် ဘောလုံးကို ဖမ်းလိုက်နိုင်တာကြောင့် သူတို့ နိုင်သွားပြီဆိုပြီး ညီအစ်ကို၃ယောက်လုံး တပျော်တပါးနဲ့ အောင်ပွဲခံကြတော့သည်။

ရှင်မွေ့ အသားလွှာလေးတွေကို အရသာနှပ်ဖို့ လုပ်နေရင်းကနေ ပျော်နေကြသည့် သားလေးတွေကို ကြည့်ပြီး ပြုံးလိုက်မိသည်။

စက်ကလဲ သူ့ သား ၃ယောက်ကို ကြည့်ပြီး
ရယ်နေကာ နဖူးပေါ်မှာ ရှိနေသည့် ချွေးစက်တစ်ချို့ကို လက်ဖြင့် ပွတ်သုတ်လိုက်သည်။

နေ၀င်ရီတရောအချိန် နေရောင်ပျပျလေးအောက်မှာ ချောမောကြည့်ကောင်းနေသည့် စက်ရဲ့ အသွင်အပြင်က ရှင်မွေ့အား ခေတ္တခဏ ငေးခနဲဖြစ်သွားစေသည်။

တခြားပိုင်ဆိုင်မှုတွေ ဘာမှထည့်မတွက်နဲ့ဦး .... အခုလို ရုပ်ရည်တစ်ခုထဲနဲ့တင် ဒီယောကျာ်းက သန်းချီတန်နေပြီဟု ရှင်မွေ့တွေးလိုက်မိ၏။

ကိုယ့်ယောကျာ်းကိုယ် စိုက်ကြည့်နေရင်း ရှင်မွေ့ ရင်တွေခုန်လာရတာကြောင့် ရှက်ကိုးရှက်ကန်းဖြင့် အသားလွှာတွေထည့်ထားတဲ့ ဇလုံထဲသို့ ငံပြာရည်တွေ အများကြီး ထည့်ချမိသွားရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now