💛 Thingyan Special-Ch 2💛

8.7K 489 11
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

💛 Thingyan Special-Ch 2 💛

''သင်္ကြန်အကျနေ့ ´´

စက် အိပ်ရာမှ နိုးလာတော့ အခန်းထဲမှာရှင်မွေ့ ရှိမနေတော့ပေ။

ထို့ကြောင့် တစ်ယောက်ထဲ အိပ်ရာမှထလိုက်ကာ နှစ်ယောက်အတူခြုံထားခဲ့တဲ့ စောင်ကို သေချာပြန်ခေါက်လိုက်ပြီး အိပ်ရာကိုလဲ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်လိုက်သည်။

နွေမနက်ခင်းဖြစ်တာကြောင့် မိုးလင်းထဲက အပူဓာတ်တစ်ချို့ကို ခံစားနေရ၍ လန်းဆန်းသွားအောင်လို့ ကိုယ်လက်သန့်စင်ရင်း ရေပါတစ်ခါထဲ ချိုးလိုက်မည်ဟု စက် စိတ်ထဲတွေးလိုက်မိသည်။

ထို့နောက် တဘက်တစ်ထည်ကိုယူပြီး ရေချိုးခန်းထဲ ၀င်ခဲ့လေသည်။

*

စက် ပြင်ဆင်ပြီး အခန်းထဲက ထွက်လာချိန်မှာတော့ ဘုရားခန်းဆီမှ ရှင်မွေ့ရဲ့ ဘုရားစာ ရွတ်သံလေးကို ကြည်နူးချမ်းမြေ့ဖွယ် ကြားလိုက်ရသည်။

သူ့ အသည်းအသက် ရတနာတုံးလေး 4 တုံးကတော့ အသံလေးတွေ တိတ်နေတာကြောင့် စက် အထူးအဆန်းဖြင့် အောက်ထပ်ကို ဆင်းလာခဲ့မိသည်။

အောက်ထပ်သို့ရောက်လျှင် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်မှာ ရှိနေတဲ့ သားလေးတွေနဲ့ သမီးလေးကို မြင်တော့မှ စက် ပြုံးလိုက်မိသည်။

ဒီ မောင်နှမလေးယောက် ဘာတွေလုပ်နေကြတာပါလိမ့်။

စက် အနားတိုးပြီး သွားကြည့်မိလျှင် အစ်ကို ၃ယောက်ရဲ့ အလယ်မှာ ပုံ့ပုံ့လေး ထိုင်နေသည့် သမီးငယ်ကို တွေ့လိုက်ရသည်။

သားကြီးကောင်းစက်က သမီးရဲ့ ဆံပင်ပျော့ပျော့လေးတွေကို စည်းပေးဖို့ ကြိုးစားနေပြီး ဘေးနားမှာ မင်းစက် နဲ့ ခွန်းစက်တို့ကလဲ ဘီးတွေ၊ ခေါင်းစည်းကြိုးလေးတွေ၊ ကလစ်လေးတွေ ကိုင်ပြီး ရှိနေကြသည်။

သူ့သားတွေကတော့ တကယ်ပါပဲ .... တက်ညီလက်ညီနဲ့ ညီမဖြစ်သူကို ကြိုးစားပမ်းစား အလှပြင်ပေးနေကြတာ။

သမီးကလဲ သူ့အစ်ကိုတွေ လုပ်ပေးသမျှကို အရုပ်လေးအတိုင်း ငြိမ်ငြိမ်လေး နေနေရှာသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now