♥️ အပိုင်း 5 ♥️

17.2K 753 85
                                    

Extraordinary Marriage

[ ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 5 ♥️

စာရွက်ပေါ်မှာ သူဆွဲထားခဲ့သည့်
ရုပ်ဆိုးဆိုးနဲ့ မိန်းမပုံကို ကြည့်ပြီး မင်းစက် စိတ်ကြီး၀င်သည့် အပြုံးသေးသေးလေးတစ်ခု ပြုံးလိုက်မိသည်။

သို့ပေမယ့် မကျေနပ်နိုင်သေးဘဲ ရုပ်ဆိုးနေပြီးသားပုံကို ထပ်မံရုပ်ဆိုးသွားအောင်လို့ မျက်နှာပေါ်မှာ အစက်အပြောက်တစ်ချို့ကိုပါ ထပ်ထည့်လိုက်သည်။

ဆံပင်တွေက ဖွာလန်ကြဲနေပြီး ပိန်ညှောင်ရိုး ဖြစ်နေတဲ့ ရုပ်ဆိုးဆိုး အမျိုးသမီးပုံကို ကြည့်ပြီး မင်းစက် စိတ်ထဲသဘောကျသွားရသည်။

ဒီပုံဆွဲစာရွက်ကို အကျင့်မကောင်းတဲ့ မာမီ့ရဲ့ ခေါင်းအုံးပေါ်မှာ မင်းစက် သွားပြီး တင်ထားမှာဖြစ်သည်။

အဲ့တာမှ သူ့ပုံသူမြင်ပြီး အကျင့်မကောင်းတဲ့ မာမီက အရင်လို စိတ်ဓာတ်တွေပြန်ကျသွားမှာဖြစ်၏။  သူတို့ ညီအစ်ကိုတွေကိုလဲ တစ်ခုခုဆို ဆူနိုင်မှာ မဟုတ်တော့ပေ။ ဒါဟာ ဟိုတစ်နေ့က သူ့ကို မာလာရှမ်းကော ခိုးစားတယ်ဆိုပြီး ဒယ်ဒီရှေ့မှာ အရှက်ခွဲခဲ့တာကြောင့် မင်းစက် ပြန်ပြီး လက်တုံ့ပြန်လိုက်တာပင်။

"အား!!! ဘာကြီးလဲ ....မင်းစက် မင်းဘာလို့ ဒီလောက်အရုပ်ဆိုးတဲ့ ပုံကြီးကို ဆွဲထားရတာလဲ ...."

သူငယ်ချင်းဖြစ်သူ ၀ီလျံက သူဆွဲထားတဲ့ ပုံကြီးကို ကြည့်ပြီး လန့်သွားလျှင် မင်းစက် ချက်ချင်းပဲ ပုံဆွဲစာရွက်ကို စာအုပ်ကြားထဲညှပ်ကာ ထိုစာအုပ်ကို လွယ်အိတ်ထဲထည့်လိုက်သည်။

"အဟမ်း ..... ငါ့မှာ အကြောင်းရှိလို့ "

"ဘာအကြောင်းမို့လို့ မင်းဒီလောက်ထိ ရုပ်ဆိုးတဲ့ ပုံကြီးကို ဆွဲထားရတာလဲ မင်းစက်ရာ ....."

"ဒါက လျှို့၀ှက်ချက်ဖြစ်နေလို့ ငါ မင်းကို ပြောပြလို့တော့မရဘူး ၀ီလျံ "

မင်းစက် သူငယ်ချင်းဖြစ်သူ ၀ီလျံရဲ့  ပခုံးကို ပုတ်ပြီး ပြောလိုက်တော့ ၀ီလျံက သူ့အား နားမလည်နိုင်စွာဖြင့် ကြည့်လာကာ ခေါင်းကုတ်လေတော့သည်။

♥️ Extraordinary Marriage ♥️حيث تعيش القصص. اكتشف الآن