♥️ အပိုင်း 37 ♥️

10.6K 611 15
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 37 ♥️

စက်က အုတ်ခံပျဥ်ထောင်အိမ်လေးရှိနေတဲ့ ခြံ၀ိုင်းလေးရှေ့တွင် ကားကိုရပ်လိုက်တော့ ရှင်မွေ့တို့ သားအမိတွေရဲ့ အာရုံက အိမ်လေးဆီကိုရောက်ရှိသွားရသည်။

"ဒီအိမ်လား စက် ...."

"ဇီဇ၀ါလမ်းထဲက အိမ်နံပါတ် 21 ဆိုတော့ ဒီအိမ်ပဲ ရှင်မွေ့ .... "

"ဒါဆို ကားပေါ်ကဆင်းပြီး ရှင်မွေ့တို့ မေးကြည့်ကြမယ်လေ.... ကောင်းစက် သားက ညီလေး ခွန်းစက်နဲ့ Fluffy လေးကိုတစ်ချက်ကြည့်ထားနော်.... သားတို့တွေက ကားပေါ်မှာပဲ နေခဲ့ကြတော့ .... မာမီနဲ့ ဒယ်ဒီရယ်၊ မင်းစက်ရယ်ပဲ သွားလိုက်တော့မယ်....."

"ဟုတ်မာမီ...."

မာမီ​ကို ကောင်းစက် ခေါင်းလေးတစ်ချက်ငြိမ့်ပြပြီး သူနဲ့ ညီလေးခွန်းစက်ရယ် ၊ Fluffy လေးရယ် ကားပေါ်မှာ နေခဲ့ဖို့ကို သဘောတူလိုက်သည်။

"မာမီ သားကြောက်တယ်.... သီဟထက်နိုင်ရဲ့ အမေက သူ့သားကို အနိုင်ကျင့်ခဲ့လို့ဆိုပြီး သားကိုရိုက်ရင် ဘယ်လိုလုပ်မလဲ.... ပြီးတော့ သီဟထက်နိုင်ရဲ့ ညီမ အင်ကြင်းထက်နိုင်ကလဲ အရမ်းစွာတာ..... သား သီဟကို ထိုးခဲ့တုန်းက သူက သူ့အစ်ကိုအတွက် သားကို ပြန်ထိုးဖို့ လုပ်ခဲ့တာ မာမီရဲ့ ...."

ကားပေါ်မှ ဆင်းခါနီးမှ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ သားလေး မင်းစက်ကို ကြည့်ပြီး ရှင်မွေ့ အသံထွက်ကာ ရယ်လိုက်မိသည်။

သူမတို့ အိမ်ရဲ့ အဆိုးလေးက မှားခဲ့တာအတွက် ပြန်တောင်းပန်ဖို့ အသိ၀င်ခဲ့ပေမယ့် တကယ်တမ်း နဖူးတွေ့ဒူးတွေ့ တောင်းပန်ရတော့မယ်ဆိုတော့လဲ ၀န်လေးနေပုံပင်။

"ဘာမှမဖြစ်ပါဘူး သားရဲ့ .... သားနဲ့အတူ မာမီနဲ့ ဒယ်ဒီလဲရှိနေမှာပဲဟာကို.... လာပါ ကားပေါ်ကဆင်း..... သူငယ်ချင်းကို လက်ဆောင်ပေးမယ့် အရုပ်နဲ့ မုန့်တွေကရော ဘယ်မှာလဲ.... မာမီ့ကိုပေး ....."

သီဟထက်နိုင်နဲ့ အင်ကြင်းထက်နိုင်ဆိုတဲ့ ကလေး ၂ယောက်ကို ပေးဖို့အတွက် ၀ယ်လာခဲ့တဲ့ အရုပ်နဲ့ မုန့်လေးတွေကို သားလေးတွေဆီမှ ရှင်မွေ့ လွှဲပြောင်းယူလိုက်သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now