♥️ အပိုင်း 38 ♥️

10.7K 608 13
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 38 ♥️

"အစ်မ ဘယ်လိုမှတော့ သဘောမထားပါနဲ့နော်..... ဒီဟာကို ကလေး၂ယောက်ရဲ့ ပညာရေးမှာ သုံးပေးပါနော်..... ညီမသားလေးရဲ့ အမှားကို အခုလိုမျိုး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးခဲ့တဲ့အတွက် အစ်မကို တကယ် ကျေးဇူးတင်လို့ပါ....."

"အယ် မဟုတ်တာ ညီမလေးရယ် ... အစ်မလက်မခံပါရစေနဲ့ ....."

"လက်ခံပေးပါ အစ်မရယ်.... ညီမတို့ မိသားစုရဲ့  စေတနာသန့်သန့်နဲ့ ပေးတာမို့ပါနော်....."

မခင်ထားရဲ့ လက်ထဲကို စာအိတ်အဖြူလေး ရှင်မွေ့ အတင်းထည့်ပေးတော့မှ
မခင်ထားက အားနာသည့်မျက်၀န်းတွေဖြင့် သူမပေးတဲ့ စာအိတ်လေးကို လက်ခံရှာသည်။

"တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ် ညီမလေးရယ်....."

"မဟုတ်တာ အစ်မရယ်.... နောက်လဲကလေး ၂ယောက်နဲ့ ပတ်သက်ပြီး အကူအညီတစ်ခုခုလိုအပ်ရင် ညီမတို့ကို ဆက်သွယ်ပါနော်....."

"တကယ်.... တကယ် ကျေးဇူးပါ ညီမလေးရယ်....."

မခင်ထားက မျက်ရည်တွေ စီးကျလာပြီး ကျေးဇူးတင်စကားဆိုလျှင် ရှင်မွေ့ မခင်ထားရဲ့လက်ကို သူမလက်လေးတွေဖြင့် အပေါ်ကနေ ခပ်ဖွဖွ အုပ်ကိုင်ပြီး နှစ်သိမ့်ခြင်းပြုလိုက်သည်။ 

"ကျေးဇူးက ညီမတို့တင်ရမှာပါ အစ်မရယ်.... "

ကိစ္စကြီးတစ်ခုလုံးကို အစအဆုံး ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့တဲ့ သူ့ရဲ့ ရှင်မွေ့လေးကို ကြည့်ပြီး စက် ခပ်ဖွဖွ ပြုံးလိုက်မိသည်။

တကယ်ကို သူ့ရဲ့ ဇနီးလေးက အတော်ဆုံးပင်။

ထို့နောက်မှာတော့ သူတို့မိသားစုလေး
မခင်ထားနဲ့ ကလေး၂ယောက်ကို နှုတ်ဆက်ကာ အိမ်ထဲမှ ပြန်ထွက်လာခဲ့ကြသည်။

"မင်းစက် တာ့တာ...."

သီဟနဲ့ အင်ကြင်းတို့ရဲ့ အသံကြောင့် မင်းစက် နောက်သို့ လှည့်ကြည့်လိုက်တော့ သူ့ကို တာ့တာပြနေသည့် သူငယ်ချင်း ၂ယောက်ကို မြင်လိုက်ရတာကြောင့် မင်းစက် ပြုံးလိုက်မိသည်။

♥️ Extraordinary Marriage ♥️Kde žijí příběhy. Začni objevovat