♥️ အပိုင်း 18 ♥️

17.2K 897 65
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 18 ♥️

မာမီအတွက် ဖွားဖွားမြ လုပ်ပေးထားတဲ့
ဂန္ဓာမာရေနွေး​ကြမ်းလေးကို ကောင်းစက် ကိုယ်တိုင် သွားပို့ချင်၍ ဖွားဖွားမြ လက်ထဲမှ လွှဲပြောင်းယူလိုက်သည်။

"ဖြစ်ရဲ့လား သားရဲ့ ..... အပေါ်ထပ်ကို တက်ရမှာ တော်ကြာ မှောက်ကျကုန်ဦးမယ်......"

"ဖြစ်ပါတယ် ဖွားဖွားမြရဲ့ ..... သား သေချာ သတိထားပြီး အပေါ်ကို တက်မှာပါ...... မာမီ့အတွက် သားကိုယ်တိုင် သွားပေးချင်လို့ပါ......"

"အေးအေး အဲ့တာဆိုလဲ သေချာဂရုစိုက်ပြီး သယ်သွားနော် သား....ဖွားဖွားမြက အပူလောင်မှာ စိုးရိမ်လို့ ပြောတာ....."

"ဟုတ် စိတ်ချပါ ဖွားဖွားမြရဲ့ .....သား သေချာယူသွားမှာပါ..... "

ဂန္ဓာမာပွင့်ဖတ်လေးတွေဖြင့် မြင်လိုက်တာနဲ့ ကြည်လင်သန့်စင်နေသည့်ရေနွေးကြမ်းလေးတွေရှိနေတဲ့ ဖန်ရေနွေးအိုးလေးနဲ့ ရေနွေးခွက်လေးနှစ်ခွက် ထည့်ထားသည့် ဗန်းလေးကို ကောင်းစက် ဖွားဖွားမြလက်ထဲမှ သေချာလွှဲပြောင်းယူလိုက်သည်။

ထို့နောက် ဂရုတစိုက်ဖြင့် သယ်လာပြီး အပေါ်ထပ်ကို တက်ဖို့လုပ်တော့ ၀မ်းလျားလေးတွေမှောက်ပြီး TV ကြည့်နေကြသည့် အငယ်လေး ၂ယောက်က သူ့ကို မြင်သွားပြီး သူ့အနားကို ပြေးလာကြတော့သည်။

"ကိုကို ဘာလုပ်မို့လဲဟင်....."

"ကိုကို 1 အဲ့ရေနွေးအိုးကြီးက ဘာလဲဟင်...."

"မာမီ့ကို သွားပို့မို့ ..... ခွန်းစက်နဲ့ မင်းစက်ရော အပေါ်ကို လိုက်ခဲ့ချင်လို့လား......"

"ဟုတ် လိုက်ခဲ့မယ်လေ ကိုကို ....."

"သားသားလဲ လိုက်ခဲ့မယ် ကိုကို 1 "

နှစ်ယောက်လုံးက ခေါင်းလေးတွေ ပြိုင်တူ ငြိမ့်ပြလာတာကြောင့် ကောင်းစက် အသာပြုံးလိုက်မိပြီး ညီလေးတွေကိုပါ ခေါ်ပြီး အပေါ်ထပ်ဆီသို့ တက်လာခဲ့လိုက်သည်။

မာမီနဲ့ ဒယ်ဒီရဲ့ အခန်းရှေ့သို့ ရောက်လျှင် အခန်းတံခါးက ပိတ်မထားတာကြောင့် ကောင်းစက် အသာတွန်းဖွင့်ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ အခန်းထဲမှ ထွက်ပေါ်လာသည့် အသံတစ်ချို့ကြောင့် တွန့်ဆုတ်သွား ရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now