♥️ အပိုင်း 74 ♥️

8.1K 520 14
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 74 ♥️

သူမမျက်စိရှေ့မှာ မြင်နေရတဲ့ မိသားစုဓာတ်ပုံကို ကြည့်ပြီး Melo တစ်ကိုယ်လုံး တောင့်တင်းကာ အံ့သြမှင်သက်သွားရသည်။

ပုံထဲမှာ အစ်မရှင်မွေ့နဲ့ သူမတို့ကုမ္ပဏီရဲ့ စီအီးအိုတို့က အတူတူ ယှဥ်တွဲပြီး ရှိနေကြသည်။

ပြီးတော့ အစ်မရှင်မွေ့က ယွန်းလေးကို ချီထားပြီး စီအီးအိုနဲ့ အစ်မရှင်မွေ့တို့ရဲ့ ကြားမှာတော့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်နဲ့ ကလေးလေး ၂ယောက်တို့က ချစ်ဖို့ကောင်းစွာ ပြုံးနေကြသည်။

"Melo လေး ဒါက အစ်မတို့ မိသားစုဓာတ်ပုံလေ.... အစ်မဘေးမှာရှိနေတာက ကလေးတွေရဲ့ အဖေရယ်....."

သူမတို့ မိသားစုပုံလေးကိုကြည့်ပြီး လုံး၀ကို ရှော့ခ်ရသွားဟန်ရှိသည့် Melo လေးကို ကြည့်ပြီး ရှင်မွေ့ ခပ်ဖွဖွ ပြုံးလိုက်မိသည်။

"ဒါဒါ  မာမာ မူ ညာ ရွန့် ဘူး ဘူး ဘား ဂျာ ဂျာ ဂျ ....."

သမီးကလဲ လက်ဖ၀ါးလေးဖြန့်ပြကာ Melo အား ရှင်းပြလာလေသည်။

"ဒါဆို အစ်မက စီအီးအိုရဲ့ ဇနီးပေါ့နော်..... ယွန်းလေးရဲ့ ဖေဖေကလဲ ညီမတို့ရဲ့ စီအီးအို ဖြစ်နေတာပေါ့နော်....."

"အဟင်း..... Melo လန့်သွားပြီထင်တယ်..... မလန့်ပါနဲ့ Melo ရဲ့ .... အစ်မက Melo တို့ စီအီးအိုရဲ့ ဇနီးဆိုပေမယ့် Melo က အစ်မကို Camellia အနေနဲ့ပဲ သိခဲ့တာမို့ ရှေ့လျှောက်ကိုလဲ အခုလိုပဲ အစ်မကို ဆက်ခင်ပေးနော်......"

"ဒါ....ဒါပေမဲ့ ကိုယ့်အလုပ်ရှင်ရဲ့ ဇနီးကို ညီမက ဘယ်လိုလုပ်ပြီး သူငယ်ချင်းပေါင်း ပေါင်းလို့ရမှာလဲ အစ်မရဲ့ .....နေပါဦး အခုက အစ်မလို့တောင် ခေါ်လို့ ဖြစ်ရဲ့လား......"

"ဖြစ်ပါတယ် Melo လေးရဲ့ ..... အစ်မက Melo တို့ စီအီးအိုရဲ့ ဇနီးဖြစ်နေတယ်ဆိုတဲ့ တစ်ချက်ကလွဲရင် ကျန်တာအားလုံးက Melo သိထားတဲ့ အတိုင်းပဲ ...... ဘာမှမပြောင်းလဲဘူး..... အဖြစ်မှန်တွေကို သိသွားရင် Melo အခုလိုမျိုး လန့်သွားမှာစိုးလို့ အစ်မက ဒီကြားထဲမှာ အကြောင်းစုံကို မပြောပြဖြစ်ခဲ့တာ..... ဒါပေမဲ့ အစ်မရဲ့ Blessing Press Conference ကျမှ သိသွားရင် Melo ပိုလန့်သွားမှာစိုးလို့ ဒီနေ့တော့ အိမ်လည်ဖိတ်ပြီး အကြောင်းစုံကိုပြောပြဖို့ စိတ်ကူးခဲ့တာ...... အမှန်တိုင်းပြောရရင် အစ်မက Melo လို စိတ်ထားကောင်းတဲ့ ကလေးလေးနဲ့ သူငယ်ချင်း ဖြစ်ခွင့်ရလို့ အရမ်း၀မ်းသာနေတာ..... Melo က ရှိန်ပြီးတော့ အစ်မကို အရင်လို တရင်းတနှီး မဆက်ဆံတော့ဘူးဆိုရင် အစ်မက အများကြီး စိတ်မကောင်းဖြစ်မိမှာ......"

♥️ Extraordinary Marriage ♥️Where stories live. Discover now