♥️ ဇာတ်သိမ်းပိုင်း ♥️

19.2K 714 60
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ ဇာတ်သိမ်းပိုင်း ♥️

မှောင်မဲပြီး အေးစက်နေသည့် ဂူနံရံတွေထဲကို ရောက်ရှိနေသည်ဟု ခံစားမိတာကြောင့် ရှင်မွေ့ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်မိသည်။

ဒါက ဘယ်နေရာကြီးလဲ .......

ကြယ်မိုးတွေရွာပြီး သူမ ပြန်ကူးပြောင်းသွားခဲ့တာလား.......

ထိုသို့တွေးမိတော့ ရှင်မွေ့ ရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။

ဟင့်အင်း မဖြစ်ဘူး...... သူမရဲ့ အရင်ကမ္ဘာကို ဒီလိုမျိုး နောက်တစ်ကြိမ်ပြန်ကူးပြောင်းသွားလို့ မဖြစ်ဘူး........

စက်နဲ့ သူမရဲ့ ကလေးတွေကို ဘယ်လိုလုပ်မလဲ ။

မဖြစ်ဘူးဆိုသည့် စိတ်ဖြင့် ဒီနေရာမှ ဖောက်ထွက်နိုင်မယ့် နည်းလမ်းကို ရှင်မွေ့ အသည်းအသန် စဥ်းစားနေမိသည်။

စဥ်းစားနေရင်းနဲ့ အရင်က သူမ ဒီလိုဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်ကို ရှင်မွေ့ ပြန်သတိရသွားသည်။

အဲ့တုန်းက သူမ ဘယ်လိုပြန်လာနိုင်ခဲ့တာပါလိမ့် ......

အဖြစ်အပျက်တစ်ခုချင်းစီကို ရှင်မွေ့ အသေးစိတ် ပြန်ပြောင်းစဥ်းစားရင်း memory recall လုပ်မိသည်။

အားလုံးကို စဥ်းစားလို့ ရသွားချိန်မှာတော့ ရှင်မွေ့ မျက်၀န်းလေးတွေ တောက်ပသွားရသည်။

အဲ့တုန်းက မှန်အကြီးကြီးရှေ့မှာ တစ်ဖက်က ရှင်မွေ့ဖြူနဲ့ သူမဆုံစည်းခဲ့ပြီး
စကားတွေအများကြီး ပြောဖြစ်ခဲ့ကြသည်။ ပြီးတော့ နှစ်ယောက်ကြားမှာ သဘောတူညီချက်ရခဲ့ပြီး ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားတဲ့ တံခါးနှစ်ပေါက်ကနေ သူမတို့နဲ့ သက်ဆိုင်တဲ့ နေရာတွေဆီကို ပြန်သွားနိုင်ခဲ့ကြသည်။

ဒါဆို သူမ အခုလုပ်ရမှာက တစ်ဖက်က ရှင်မွေ့ဖြူကိုဖြစ်ဖြစ် ၊ မှန်နဲ့ တံခါးနှစ်ပေါက်ကို ဖြစ်ဖြစ် တွေ့အောင် ရှာရမှာပင်။

ထိုအချိန်မှာပဲ သူမရပ်နေသည့် နေရာကနေ မှိန်ပျပျအလင်းရောင်လေးကို ရှင်မွေ့ လှမ်းမြင်လိုက်ရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now