♥️ အပိုင်း 69 ♥️

7K 466 12
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 69 ♥️

"ဒယ်ဒီ .... သားတို့ မှာထားတဲ့ Seafood နဲ့ Hawaiian ပီဇာထဲကို Double Cheese လေးထည့်လိုက်မယ်နော်....."

"ထည့်လေ သားရဲ့ ....."

"ဟုတ် "

စက် ခေါင်းငြိမ့်ပြလိုက်တော့ သားက ပျော်သွားပြီး Double Cheese ထည့်မယ့် အကြောင်းကို ၀န်ထမ်းကောင်မလေးအား ပြောလေသည်။

"မမ .... သားတို့မှာထားတဲ့ Pizza နှစ်ချပ်ထဲကို Double Cheese လေးထည့်ပေးပါနော်....."

"ဒယ်ဒီ .... သားသား blueberry smoothie လေး သောက်ချင်တယ်....."

သူ့အင်္ကျီစလေးကို ဆွဲပြီးပြောလာသည့် ခွန်းစက်လေးကိုလဲ စက် ခေါင်းငြိမ့်ပြလိုက်သည်။

"ကိုကိုတို့ရော ဘာသောက်မလဲ မသိဘူး..... မေးကြည့်လိုက်ဦး သား....."

"ဟုတ် ဒယ်ဒီ ..... ကိုကို 1 နဲ့ ကိုကို 2 က ဘာအအေးသောက်မှာလဲဟင်..... သားသားကတော့ Blueberry Smoothie သောက်မှာ....."

"အွန်း .... ကိုကိုက  Raspberry soda ပဲ သောက်တော့မယ်.... မင်းစက်ကရော ဘာသောက်မှာလဲ ....."

"သားက ဘာသောက်ရမလဲ မသိဘူး..... ခဏလေး ရွေးကြည့်လိုက်ဦးမယ်....."

မင်းစက်မှာ ရွေးချယ်စရာ drink တွေ အများကြီးထဲကမှ သူ ဘာသောက်ရမလဲဆိုတာကို စဥ်းစားရ ခက်နေလေသည်။
နောက်တော့မှ Strawberry Yogurt လေးပဲ သောက်ရန် စိတ်ကူးလိုက်သည်။

"သားက Strawberry Yogurt ပဲ သောက်တော့မယ် ကိုကို ....."

"အိုကေ .... အဲ့တာဆို ကိုကို မှာလိုက်မယ်နော်....."

ကောင်းစက် သူတို့ ညီအစ်ကို ၃ယောက်အတွက် drinks လေးတွေကို မှာလိုက်သည်။

"ဟီး .... သားသားတို့ ပီဇာစားရင် ညီမလေးက စားချင်နေတော့မှာပဲ ဒယ်ဒီ....."

ပါးစပ်ကို လက်လေးနဲ့ အုပ်ကာ သဘောကျစွာပြောလာသည့် ခွန်းစက်ကို စက် ငုံ့ကြည့်ပြီး ပြုံးလိုက်မိသည်။

"ဒယ်ဒီ ....  ညီမလေးက အခုတလော ဗိုက်ခဏခဏ ဆာတယ်နော်..... အဲ့တာဘာဖြစ်လို့လဲဟင် ...."

မင်းစက်ကလဲ သိချင်စိတ်ဖြင့် မျက်နှာလေးမော့ကာ မေးလာလေသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now