💛Thingyan Special - Ch 3💛

7.7K 477 25
                                    

Extraordinary Marriage

[ ထူးခြားသော လက်ထပ်ခြင်း ]

💛 Thingyan Special - Ch 3 💛

''သင်္ကြန်အကြတ်နေ့ ´´

ဒီနေ့က ဇာနည်တို့လမ်းထဲတွင် လုပ်မယ့် စက်တို့မိသားစုရဲ့ စတုဒီသာအလှူမို့
တစ်မိသားစုလုံး မနက်ထဲက တက်တက်ကြွကြွ ပြင်ဆင်နေမိကြသည်။

အသက် 15 နှစ်အရွယ် လူပျိုပေါက် သားကြီးကောင်းစက်က စက်လိုမျိုး ပုဆိုးကို ချပ်ချပ်ရပ်ရပ်နဲ့ ကြည့်ကောင်းအောင် ၀တ်တတ်ပေမယ့် အငယ်လေး ၂ယောက်ဖြစ်သည့် မင်းစက်နဲ့ ခွန်းစက်တို့ကတော့ပုဆိုးကို အခုချိန်ထိ မ၀တ်တတ်သေးတာကြောင့် စက်ကပဲ သားလေး၂ယောက်ကို ကိုယ်တိုင်ပုဆိုး၀တ်ပေးပြီး ခါးပတ်လေးနဲ့ပါ သေချာပတ်ပေးနေရသည်။

"ကိုကိုတို့ရေ ပြင်ဆင်လို့ ပြီးပြီလားလို့ .... ဒီမှာ ယွန်းက အားလုံးအဆင်သင့်ဖြစ်နေပြီနော်လို့ ပြောလိုက်ပါဦး သမီး ...."

"ကိုကိုတို့ ပြင်ပြင် ပြီးပြီး .... ရွန်း ၀ါ၀ါ လှလှ .... "

ရှင်မွေ့ နဲ့ သမီးလေးရဲ့ အသံကိုကြားလျှင် စက်တို့ သားအဖ ၄ယောက်လုံး ပြိုင်တူလှည့်ကြည့်လိုက်မိကြသည်။

သမီးလေးက ချစ်စရာကောင်းသည့် ပိတောက်ခြောက်ရောင် မြန်မာ၀တ်စုံ ၀မ်းဆက်လေးနဲ့ တကယ်ကို အသည်းယားစရာပင်။

ဗိုက်လုံးလုံးလေးက ပူနေတာကြောင့် အလယ်မှာ ချက်ကလေးပေါ်နေပြီး အင်္ကျီက လက်ပြတ်လေးမို့လက်မောင်းအဆီလေးတွေကလဲ တစ်တစ်ရစ်ရစ်အစ်ထွက်နေလေသည်။

အသားလေးက ဖြူဖွေးပြီး ပိတောက်ခြောက်ရောင်၀မ်းဆက်လေး၀တ်ထားတာမို့ သမီးလေးက ရွှေတုံးလေး အတိုင်းပင်။ သူတို့အိမ်ရဲ့ အဖိုးတန်ရွှေတုံးလေးဖြစ်သည်။

သမီးရဲ့ ဆံပင်လေးတွေကိုတော့ ရှင်မွေ့က ထုံးစံအတိုင်း နှစ်ဖက်ခွဲစည်းပေးထားပြီး ပိတောက်ပန်းလေးတွေကိုပါ ပန်ပေးထားတာကြောင့် စက် အံ့သြသွားရသည်။

"ဟာ .... ဒယ်ဒီရဲ့  ယွန်းလေးက ပိတောက်ပန်းလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းနေပါလား....."

"မာမာ ရွန်း တူတူ ... ပန်းပန်း လှလှ "

သမီးလေးက ရှင်မွေ့ကိုပါ လက်ညှိုးလေးထိုးပြလာတာကြောင့် စက် ရှင်မွေ့ကို ကြည့်လိုက်မိလျှင် ရှင်မွေ့က သူမလဲ ပိတောက်ပန်း ပန်ထားကြောင်းကို ခေါင်းလေး လှည့်ပြလာသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now