♥️ အပိုင်း 32 ♥️

12.8K 582 25
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 32 ♥️

ဒီနေ့မှာတော့ ရှင်မွေ့တို့ မိသားစု ပြင်ဦးလွင်ရဲ့ အထင်ကရဖြစ်သည့် ကန်တော်ကြီးဥယျာဥ်နဲ့ View Point တို့ဆီ သွားလည်ရန် စီစဥ်ထားကြသည်။

မနက်စာ စားချိန်တွင် အဖိုးကို ဒီနေ့လဲ လိုက်ခဲ့ဖို့အတွက် ခေါ်ပေမယ့် အဖိုးက ဒီနေ့တော့ သူ မလိုက်တော့ဘဲ ရှင်မွေ့တို့တွေပဲ ပျော်ပျော်ပါးပါးသွားလည်ကြရန် မရမကပြောနေတာကြောင့် အဖိုးကို ခေါ်ဖို့ မအောင်မြင်ခဲ့ချေ။

ဒီနေ့သွားမယ့် နေရာတွေက ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ကောင်းတာကြောင့် ရှင်မွေ့  Luggage ကိုဖွင့်ကာ ဘာ၀တ်သွားရမလဲဆိုတာကို သေချာရွေးနေမိသည်။

ထိုစဥ် အနောက်ကနေ သူမခါးလေးကို သိုင်းဖက်ပြီး ပခုံးသားလေးကို နမ်းရှိုက်လာသည့် စက်ကြောင့် ရှင်မွေ့ အသာပြုံးလိုက်မိသည်။

"စက်.... ရှင်မွေ့ကို အင်္ကျီလေး ကူရွေးပေးပါလား..... ဒီနေ့သွားမယ့်နေရာတွေက ဓာတ်ပုံရိုက်လို့ကောင်းတော့ ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်လို့ .... ဒါပေမဲ့ ဘာ၀တ်သွားရမှန်းလဲ မသိဘူး .... ဒီဂါ၀န်လေးဆို ရှင်မွေ့နဲ့ အဆင်ပြေလားဟင် စက် ...."

"အဟွန်း .... ကိုယ့်မျက်လုံးထဲမှာတော့ ရှင်မွေ့က ဘာ၀တ်၀တ် လှပြီးသား.....ဘာမှ မ၀တ်ထားရင် ပိုတောင်လှသေးတယ်..."

စကားအကောင်းပြောနေရင်းကနေ ထဖောက်လာသည့် စက်ကြောင့် ရှင်မွေ့ တံတောင်နဲ့ အနောက်ကို လှမ်းတွတ်လိုက်မိသည်။

"အာ့.... နာတယ်လေ အချစ်ရဲ့ "

"နာအောင် လုပ်တာပဲ နာမှာပေါ့ .... စကားကို အတည်အတံ့မှ မပြောတာ ... ဘာ၀တ်သွားရမလဲလို့ တကယ်ရွေးပေးပါဆို...."

ရှင်မွေ့ အလိုမကျဖြစ်စွာဖြင့် စက်ကို နှုတ်ခမ်းလေးစူပြီး ပြောလိုက်မိတော့မှ စက်က သဘောကျစွာရယ်ပြီး သူမ ပါးလေးကို ခပ်ဖွဖွ နမ်းရှိုက်လာလေသည်။ ပြီးမှ သူမ ဘာ၀တ်သွားရမလဲဆိုတာကို စက်က အတည်အတံ့ ရွေးပေးလေသည်။

သူမ၀တ်ဖို့အတွက် စက် ရွေးပေးလာသည့် ၀တ်စုံလေးက ရင်ဘတ်နေရာမှာ အတွန့်အတွန့်လေးတွေနဲ့ လက်မောင်းလေးကလဲ လက်ဖောင်းလေးဖြစ်ပြီး ရိုးရိုးရှင်းရှင်းနဲ့ လှတဲ့အဖြူရောင်ဂါ၀န်လေး ဖြစ်နေတာကြောင့် ရှင်မွေ့လဲ သဘောကျသွားရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now