♥️ အပိုင်း 16 ♥️

17.8K 864 55
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 16 ♥️

"ဒေါက်တာ .... သားလေး အခြေအနေ ဘယ်လိုရှိလဲဟင်......"

"ကလေးက ဒီနေ့ ထိတ်လန့်စရာအဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရတော့ လန့်ဖျားဖျားသွားခဲ့တာပါ..... အရမ်းကြီး စိုးရိမ်စရာတော့ မရှိပါဘူး....... ကျွန်မ ဆေးတစ်လုံးထိုးပေးပြီး သောက်ရမယ့်ဆေးတွေ ပေးခဲ့ပါ့မယ်......"

"ဟုတ်ကဲ့ ဒေါက်တာ ..... "

အိပ်နေရင်းနဲ့ တစ်ချက်တစ်ချက် မာမီဆိုပြီး တမ်းတနေသည့် သားကို ကြည့်ကာ စက်ရဲ့ မျက်နှာ ဖြူဖျော့သည်ထက် ဖြူဖျော့လာရသည်။

ထို့နောက် ဦးလေးဆန်းနိုင်နဲ့ ဒေါက်တာတို့က အရင်အခန်းထဲမှ ထွက်သွားခဲ့ကြသည်။

ကြီးကြီးမြက စက် အနားသို့ တိုးလာကာ....

"လူလေး .... ဆေးရုံကို ပြန်သွားဦးမှာလားဟင်....."

"ဟုတ် .... ပြန်သွားမှာ ကြီးကြီးမြ..... ကျွန်တော် ဆေးရုံကို သွားတဲ့အချိန်ကျရင် သားလေးတွေကို ကြီးကြီးမြ သေချာလေးဂရုစိုက်ပေးပါဦးနော်..... အထူးသဖြင့် ကောင်းစက်ကို ပိုပြီး ကြည့်ပေးပါ ..... ဒီနေ့ အဖြစ်အပျက်ကြောင့် သားက တော်တော်လေး လန့်သွားမှာ....."

"ကလေးတွေအတွက် ဘာမှ စိတ်မပူပါနဲ့ လူလေးရယ် ..... ရှင်မွေ့လေးကိုသာ သေချာဂရုစိုက်လိုက်ပါနော်.... ကြီးကြီးမြလဲ တကယ်စိတ်ထဲမကောင်းဘူး..... ဒီမိသားစုလေး ပျော်ရွှင်ရတာမှ မကြာသေးဘူး ..... ကံကြမ္မာက တကယ်ရက်စက်လွန်းတယ်ကွယ်..... ရှင်မွေ့လေး အမြန်ဆုံး ပြန်ပြီး သတိရလာရင် ကောင်းမယ်....."

ကြီးကြီးမြက ပြောရင်းနဲ့ အသံတွေတိမ်၀င်သွားကာ မျက်ရည်သုတ်လေသည်။

စက်လဲ မျက်ရည်မကျအောင်လို့ မျက်နှာကို ချက်ချင်းအပေါ်သို့ မော့လိုက်မိသည်။

"ကျွန်တော်.... ခွန်းစက်နဲ့ မင်းစက်တို့ကို သွားကြည့်လိုက်ဦးမယ် ကြီးကြီးမြ..... ကောင်းစက်အနားမှာ ခဏလောက်နေပေးပါနော်......"

"အေးအေး လူလေး....."

စက် ကြီးကြီးမြကို မှာစရာရှိတာ မှာပြီးတာနဲ့ သားကြီး ကောင်းစက်ရဲ့ အခန်းထဲမှ ထွက်ပြီး ခွန်းစက်ရဲ့ အခန်းလေးဆီ အရင်၀င်လိုက်သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now