♥️ အပိုင်း 27 ♥️

13.9K 767 31
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 27 ♥️

"Fluffy ကိုကို 3 တို့ သွားတော့မယ်.... အိမ်မှာကောင်းကောင်းနေခဲ့နော်....."

"အစားပုံမှန်စားနော် Fluffy .... ကိုကို 2 က အချိန်အားရင် video call ခေါ်ပြီး Fluffy နဲ့ စကားပြောပေးမယ်နော်.... ဖွားဖွားမြ အပေါ်မှာလဲ မဆိုးရဘူးနော်....."

"Fluffy ဒီကိုလာပြီး ကိုကို့ကို နှုတ်ဆက်ပါဦး ..... "

Fluffy လေးကို ပြင်ဦးလွင်သို့ ခေါ်သွားဖို့မဖြစ်တာကြောင့် အိမ်မှာပဲ ထားခဲ့ဖို့ ရှင်မွေ့တို့ ဆုံးဖြတ်လိုက်ရသည်။ ထို့ကြောင့် အဖြူလုံးလေးက သူ့အစ်ကိုတွေနဲ့ ရက်ပိုင်းလောက် ခွဲရမှာဖြစ်သည့်အတွက် အစ်ကိုတွေကြားမှာ အသံလေးတအီအီနဲ့ ကပ်ချွဲနေလေသည်။

ကားနောက်ခန်းထဲသို့ Luggage တွေ အားလုံးထည့်ပြီးသွားတဲ့ စက်က ကလေးတွေနဲ့ Fluffy လေးကို ပြုံးပြီး ရပ်ကြည့်နေသည့် သူမအနားသို့ ရောက်လာကာ သူမပခုံးပေါ်သို့ လက်လာတင်လေသည်။

"ဟိုမှာ အဖိုးက နေမကောင်းဖြစ်နေလို့သာ မဟုတ်ရင် Fluffy လေးကိုပါ ကိုယ်တို့ ခေါ်သွားလို့ရမှာကို....."

"အဲ့တာပြောတာ ..... အဖြူလုံးလေး သနားပါတယ်.... ကလေးလေးပဲရှိသေးတာကို သူ့အစ်ကိုတွေနဲ့ ခွဲရမှာသိလို့ ကပ်ချွဲနေတာထင်တယ်....."

သားလေး၃ယောက်ကြားထဲမှာ ဟိုအစ်ကိုဆီသွားလိုက်၊ ဒီအစ်ကိုဆီသွားလိုက်နဲ့ ချစ်ဖို့ကောင်းနေတဲ့ Fluffy လေးကို ရှင်မွေ့ သနားစဖွယ်ဆိုလိုက်မိသည်။

"ဒါပေမဲ့ Fluffy လေးကို ကြီးကြီးမြတို့က သေချာဂရုစိုက်ထားမှာပါ ရှင်မွေ့ရဲ့ ..... ဘာမှစိတ်မပူပါနဲ့ ..... ကိုယ်တို့လဲ နေမပူခင် သွားကြရအောင်....."

စက်ကို ရှင်မွေ့ ခေါင်းငြိမ့်ပြလိုက်ပြီး သားလေးတွေကို လှမ်းခေါ်လိုက်သည်။

"သားတို့ရေ..... မာမီတို့သွားကြရအောင်...."

သူမခေါ်သံကြောင့် သားလေးတွေနဲ့အတူ Fluffy လေးကပါ လှည့်ကြည့်လာလေသည်။

"Fluffyလေး မာမီ့ဆီကို လာပါဦး...."

သားလေး ၃ယောက်နဲ့အတူ Fluffy လေးကပါ သူမတို့ လင်မယားအနားကို ရောက်လာလေသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now