♥️ အပိုင်း 60 ♥️

7.5K 450 12
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 60 ♥️

ကောင်းစက် ညီမလေးရဲ့ ကလစ်သေးသေးလေး သူ့စားပွဲပေါ်မှာကျန်နေခဲ့၍ ပြန်လာပေးဖို့ ဒယ်ဒီတို့ အခန်းရှေ့ရောက်တဲ့ အချိန်မှာပဲ အခန်းတံခါးလေးက ဟနေတာကြောင့် မာမီဖုန်းပြောတာကို ကြားလိုက်ရသည်။

မေမီကျော်အဖေကို မာမီပြောလိုက်တဲ့ စကားတွေကို ကြားပြီး ကောင်းစက် စိတ်ထဲမှာ မပြောပြတတ်အောင် ပျော်ရွှင်သွားရသည်။

ထို့နောက်မှာတော့ ညီမလေးရဲ့ ကလစ်လေးကို မနက်ဖြန်မှပဲ ပေးပါတော့မယ်ဟုတွေးကာ ကောင်းစက် ကိုယ့်အခန်းကိုယ်သာ ပြန်လာခဲ့လိုက်သည်။

အခန်းထဲရောက်တော့ သူ့စားပွဲပေါ်မှာ တင်ထားတဲ့ ညီမလေး ရက် 100 ပြည့်တုန်းက ရိုက်ထားခဲ့သည့် မိသားစုဓာတ်ပုံလေးကို ယူကြည့်ပြီး ကောင်းစက် ကြည်နူးစွာပြုံးလိုက်မိသည်။

ဒယ်ဒီ့လို အဖေမျိုး၊ မာမီ့လို အမေမျိုးကို ပိုင်ဆိုင်ခွင့်ရပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ညီလေး ၂ယောက်နဲ့ ညီမလေးတို့ရဲ့ အစ်ကိုကြီး ဖြစ်ခွင့်ရတာဟာ သူ့ဘ၀အတွက် အကောင်းဆုံး ဆုလာဘ်ပဲ ဖြစ်မည်ဟု ကောင်းစက် တွေးလိုက်မိသည်။ 

•°*     •°*     •°*     •°*     •°*     •°*

"ပါ ပါ ပါ ပါး ......"

လှဲအိပ်နေတဲ့ Fluffy ကို လက်၀ါးသေးသေးလေးတွေနဲ့ တဖတ်ဖတ်ချရင်း ပျော်နေသည့် ညီမလေးကိုကြည့်ပြီး မင်းစက်ရော ခွန်းစက်ရော အရုပ်ဆက်နေရာမှ ပြုံးလိုက်မိကြသည်။

Fluffy ကတော့ ညီမလေးကို စိတ်ကြိုက်ရိုက်ခွင့်ပေးထားကာ သူတို့ ညီအစ်ကို အရုပ်ဆက်နေတာကိုကြည့်ပြီး Woo... Woo နဲ့ အသံလေးတွေ ပေးနေလေသည်။

"Arr Woo "

ထိုစဥ် ရုတ်တရက်ကြီး Fluffy က ညီမလေးအနားကနေ ထသွားပြီး ခပ်လှမ်းလှမ်းမှာ သွားရပ်နေလျှင် ဘာဖြစ်လို့ပါလိမ့်ဟု တွေးကာ မင်းစက် ထူးဆန်းသွားရသည်။

"ကိုကို 2 "

"ဟင် .... ခွန်းစက် "

"အီးစော်မနံဘူးလား ..... သားသား နှာခေါင်းထဲမှာ အီးနံ့ရနေတယ်....."

♥️ Extraordinary Marriage ♥️Where stories live. Discover now