♥️ အပိုင်း 79 ♥️

7.2K 439 8
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 79 ♥️

"ဟင် အဲ့တာဆို ..... မာမီက သားသားတို့ကို အ၀တ်လဲပေးသလိုမျိုး ဒယ်ဒီကလဲ အခုဟိုအခန်းထဲမှာ မာမီ့ကို အ၀တ်လဲပေးနေတယ်လို့ ပြောချင်တာလား အန်တီ ....."

စီအီးအိုရဲ့ ရတနာတုံးပိစိလေးက သူမအား နားမရှင်းဟန်ဖြင့် တန်ပြန်မေးခွန်းထုတ်လာသည့် အချိန်မှာတော့ သူမစကားမှားသွားပြီဆိုတာကို မိတ်ကပ်မိုးမိုး သဘောပေါက်လိုက်ပြီး ဘယ်လိုပြန်ဖြေရမလဲ မသိတာကြောင့် ချွေးပျံချင်သွားရသည်။

"ဪ သားတို့ရောက်နေကြတာလား....."

ထိုအခိုက်အတန့်မှာပဲ အ၀တ်လဲခန်းထဲမှ စီအီးအိုတို့စုံတွဲက အချိန်ကိုက်ဆိုသလို ပြန်ထွက်လာကြသည်။

အဲ့တော့မှပဲ မိတ်ကပ်မိုးမိုးမှာ စိတ်သက်သာရာရစွာဖြင့် အသက်ရှူ ချောင်တော့သည်။

"ဒယ်ဒီက မာမီ့ကို အဲ့အခန်းထဲမှာ အ၀တ်လဲပေးနေတာလား..... မာမီက လူကြီးဖြစ်နေပြီ..... သားသားတို့လို ကလေးလေး မဟုတ်တော့ဘူးလေ ..... ဘာဖြစ်လို့ ဒယ်ဒီက မာမီ့ကို အ၀တ်လဲပေးနေရတာလဲ ......"

အ၀တ်လဲခန်းအပြင်ကို ထွက်ထွက်လာချင်းမှာပဲ သားဖြစ်သူခွန်းစက်က အကြည့်စူးစူးလေးတွေနဲ့ တန်ပြန်မေးခွန်းထုတ်လာတာကြောင့် စက်ရောရှင်မွေ့ရော အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားရသည်။

"မဟုတ်ပါဘူး သားရဲ့ .....မာမီက ဂါ၀န်ဇစ်ကို ဆွဲဖို့ အခက်တွေ့နေလို့ ဒယ်ဒီက မာမီ့ကို ကူညီပြီး ဂါ၀န်ဇစ်လေး လာဆွဲပေးတာပါ......"

"မာမီ .... အဲ့တာဆိုရင်လေ နောက်တစ်ခါ မာမီ ဂါ၀န်ဇစ်ကို ဆွဲဖို့ အခက်တွေ့နေရင် သားသားကိုပဲ ခေါ်နော်..... သားသားက မာမီရဲ့ ဂါ၀န်ဇစ်လေးကို ဆွဲတင်ပေးမယ်.... ဒယ်ဒီကို မခေါ်နဲ့နော်..... ဒယ်ဒီက မာမီ့ကိုဆို အရမ်းအသားယူတတ်လို့ မာမီ သတိထားသင့်တယ်....."

ရှင်မွေ့မှာ သူမရဲ့ ခြေထောက်ကို ပြေးဖက်ပြီး ပြောလာသည့် သားအငယ်ဆုံးလေးရဲ့ စကားကြောင့် အသံထွက်ကာရယ်လိုက်မိသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now