♥️ အပိုင်း 96 ♥️

7.7K 463 20
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 96 ♥️

" အူး ၀ါး...... "

သမီးက အစ်ကို 3 ယောက်တက်တဲ့ ကျောင်းကြီးကို မော့ကြည့်ပြီး ပါးစပ်လေးအဟောင်းသားနဲ့ အံ့သြတကြီး ဖြစ်နေတာကြောင့် စက်ရော ရှင်မွေ့ရော ပြိုင်တူပြုံးလိုက်မိကြသည်။

သားလေးတွေတက်တဲ့ ကျောင်းက ဒီမှာရှိတဲ့ International School တွေထဲကမှ Ranking အကောင်းဆုံး ကျောင်းတစ်ကျောင်းဖြစ်တာမို့ နေရာအကျယ်အ၀န်း၊ အဆောက်အအုံပုံစံ၊ ကျောင်းတွင်းမှာရှိနေတဲ့ ဘောလီဘောကွင်း၊ ဘတ်စ်ကတ်ဘောကွင်း၊ ကလေးတွေအတွက် ကစားကွင်း စသဖြင့် အရာအားလုံးဟာ international တန်းကို ကောင်းကောင်းကြီး မီလေသည်။

"ရွန်းရဲ ကြီးရာရင် ကိုကိုသို့ ကျောင်းမှာပဲတက်မယ်နော် ဒယ်ဒယ်......."

"သမီးက ကိုကိုတို့နဲ့ ကျောင်းတူတူတက်ချင်လို့လား...... "

"ဟုတ် .... တက်ချင်ရို့ ... "

"အဟွန်း ဒယ်ဒီရဲ့ ယွန်းပေါက်လေးက အရမ်းလိမ္မာတာပဲ ....... သမီး တက်ချင်တယ်ဆို ဒယ်ဒီက ထားပေးမှာပေါ့....."

"မာမာ ရွန်းက ဘယ်ရောက်ရောက်ဆို ကျောင်းတက်ရို့ရပီရဲ ..... ဒီရောက်ဆို ရပီရား......"

သမီးက သူမအား လက်လေးငါးချောင်းထောင်ပြတော့ ရှင်မွေ့  ခေါင်းငြိမ့်ရင်း ပြုံးပြလိုက်သည်။

"အွန်းဟုတ်တယ်..... အဲ့လောက်ဆို ကိုကိုတို့နဲ့အတူတူ ယွန်းက ကျောင်းတက်လို့ရပြီနော်....."

"ကိုကိုတို့နဲ့ ကျောင်းတူတူတက်ရရင် ရွန်းက ရမ်းပျော်မှာ ..."

"ယွန်းရေ....."

"ကိုကို!! "

သားကြီးက ကျောင်း၀န်းထဲမှ ထွက်လာပြီး သူမတို့အား လက်ပြလာသည်။

ထိုအခါ သမီးကလဲ အစ်ကိုဖြစ်သူကို မြင်တာနဲ့ အစ်ကိုဆီကို ၀မ်းသာအားရ ပြေးသွားတော့သည်။

ဒီနေ့က Fair ပွဲရှိတာမို့ ပြင်ဆင်စရာတွေရှိသည့် သားလေး၃ယောက်က ကျောင်းကို အရင်ကြိုသွားကြသည်။ စက်ရယ် သူမရယ် သမီးရယ်ကတော့ အခုမှ ရောက်လာကြတာဖြစ်သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now