♥️ အပိုင်း 76 ♥️

7.6K 478 13
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 76 ♥️

ဒီနေ့ Melo လေး ပြောပြခဲ့တဲ့ အကြောင်းတွေကို ရှင်မွေ့ ပြန်ပြောပြတော့ စက်က ခပ်ဖွဖွပြုံးလေသည်။

"တွေ့လား..... ကိုယ် ရှင်မွေ့အပေါ်မှာ ကြည့်တဲ့ အကြည့်တွေက ဘယ်လောက်တောင် နူးညံ့ပြီး ချစ်ခြင်းတရားတွေ ပျော်၀င်နေလဲဆိုတာ ဘေးလူတွေတောင် ရိပ်မိကုန်ပြီ ....."

စက်က မေးဆတ်ပြီးပြောတော့ ရှင်မွေ့ အပြုံးလေးနဲ့ မျက်စောင်းနုနုတစ်ချက်၀င့်လိုက်ရင်း စက်ရဲ့ ရှပ်အင်္ကျီကြယ်သီးတွေကို ကူဖြုတ်ပေးဖို့ လုပ်မိသည်။

"သွားပါ..... ကိုယ့်ငါးချဥ်ကိုယ်ပြန်ချဥ်နေပြန်ပြီ ..... အာ ဟုတ်သားပဲ စက် .... နေ့လယ်က ဒီဇိုင်နာ ဦးဦး ဖုန်းဆက်တယ်.....Press Conference ကျရင် ၀တ်ဖို့ ရှင်မွေ့တို့အပ်ထားတဲ့ ၀တ်စုံတွေရနေပြီတဲ့ ..... အဲ့တာသွားယူရဦးမယ်နော်..... ဒီအပတ် သားလေးတွေ ကျောင်းပိတ်ရင် သွားကြမလား......"

"အင်း သွားမယ်လေ ရှင်မွေ့ ..... ကိုယ်တို့ တစ်မိသားစုလုံးစာ အပ်ထားတာဆိုတော့ ကလေးတွေပါ ခေါ်ပြီးသွားရင် တစ်ခါထဲ ပြီးပြတ်သွားတာပေါ့ ...... "

"အွန်း....."

သူ့ကို ခေါင်းလေးငြိမ့်ပြလာတဲ့ ရှင်မွေ့ကို စက် အသည်းယားစွာဖြင့် ငုံ့နမ်းလိုက်မိသည်။

ပါးလေးကို တရှုံ့ရှုံ့ နမ်းရင်းနဲ့ စိတ်မထိန်းနိုင်တော့တဲ့ အချိန်မှာတော့ ရှင်မွေ့ရဲ့ ခါးလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ချယ်ရီရောင်နှုတ်ခမ်းလေးကို ဖူးသွားတဲ့အထိ စက် နမ်းရှိုက်ပစ်လိုက်သည်။

မိနစ်ပိုင်းလောက်ကြာသွားပြီးမှ နှုတ်ခမ်းလေးကို လွှတ်ပေးလိုက်တော့ ရှင်မွေ့က သူ့ရင်ဘတ်အား ခပ်ဖွဖွ ထုလေသည်။

"ဘယ်လိုဖြစ်လို့ အသည်းအသန်တွေ လုပ်နေတာလဲ .... ဒီမှာ အသက်ရှူတောင် မ၀တော့ဘူး....."

"ရှင်မွေ့က ကိုယ် နမ်းချင်အောင်လို့ ချစ်ဖို့ကောင်းနေတာကိုလို့....အဲ့တော့ ကိုယ်က အသည်းယားပြီး နမ်းမိတာပေါ့လို့ ......"

♥️ Extraordinary Marriage ♥️Where stories live. Discover now