♥️ အပိုင်း 8 ♥️

18.1K 864 56
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 8 ♥️

"ရော့....."

သူမရှေ့ကို စာရွက်လေးတစ်ရွက် ကမ်းပေးလာတဲ့ အဆိုးလေးကို ရှင်မွေ့ မျက်ခုံးလေးပင့်ကာ ကြည့်လိုက်မိသည်။

"ဒါကဘာလဲ "

"ကိုယ့်ဘာကိုယ် ဖွင့်ကြည့်ကြည့်ပါလားလို့ .... လူကို လာမေးနေတယ်....."

သူမနဲ့ မျက်လုံးချင်းဆုံအောင်မကြည့်ဘဲ ရှက်နေသလိုလေး ဖြစ်နေတဲ့ ၀က်ကလေးကို ကြည့်ပြီး ရှင်မွေ့ရယ်ချင်သွားရသည်။

ထို့ကြောင့် ရှင်မွေ့ စာရွက်လေးကို လှမ်းယူပြီး ကြည့်ကြည့်လိုက်တော့ ဒီတစ်ခါဆွဲထားတဲ့ ပုံလေးက လှတပလေးဖြစ်နေတာကြောင့် အံ့သြသွားရသည်။

"ဒီပုံက ဘယ်သူ့ပုံလဲ "

"ဟာ ကြည့်တာနဲ့ မသိဘူးလား.... သားက ဘယ်သူ့ပုံကို ဆွဲရမှာလဲလို့ ....."

"မသိဘူးလေ ....  မင်းက မပြောဘဲနဲ့ မာမီက ဘယ်လိုလုပ်ပြီး သိမှာလဲလို့ ...."

ရှင်မွေ့ ရယ်ချင်နေသည့် စိတ်လေးကို ထိန်းချုပ်ကာ အဆိုးလေးအား တမင်ရစ်ပြီး မေးနေမိသည်။

"ပုံလေ ... ပုံ .... မာမီ့ပုံ .... ဟိုတစ်ခါ ရုပ်ဆိုးကြီး ဆွဲထားမိလို့ အခု လှလှလေးပြန်ဆွဲပေးထားတာ.... ဒါလေးတောင် မသိဘူးလား .... အဲ့တာကြောင့် အသုံးမကျတဲ့ မာမီ ဖြစ်နေတာ.... မလိုချင်လဲ ပြန်ပေးလိုက်တော့ ...... "

သူမလက်ထဲမှ စာရွက်ကို အတင်းပြန်လုနေသည့် ၀က်ကလေးကြောင့် ရှင်မွေ့ သဘောကျစွာရယ်လိုက်မိကာ စာရွက်ကိုင်ထားသည့်လက်ကို အပေါ်သို့ မြှောက်လိုက်သည်။ ပြီးမှ ကျန်လက်တစ်ဖက်ဖြင့် ၀က်ကလေးရဲ့ ဆံပင်လေးတွေကို ရှုပ်ပွသွားအောင် ဆွဲဖွလိုက်သည်။

"အဟမ်း.... အဲ့တာဆိုရင်တော့ ဒီပုံလေးကို ကျေးဇူးတင်စွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်..... ဒါနဲ့ ဒီနေ့ ညစာကို ဘာစားချင်လဲ....."

"ညစာလား .... ommm ဘာစားချင်လဲဆိုတော့ ခဏလေး .... ဘာစားရရင် ကောင်းမလဲ.... "

ညစာစားရဖို့အရေး အကြီးအကျယ် စဥ်းစားတွေးတောနေသည့် ၀က်ကလေးကို ကြည့်ပြီး ရှင်မွေ့ ပြုံးလိုက်မိသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now