🚨အပိုင်း 53 🚨

20.6K 572 47
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

🚨 အပိုင်း 53 🚨

ရှင်မွေ့တို့ အိပ်ရာနဲ့ ကပ်ရပ်လုပ်ထားတဲ့ ပုခက်လေးထဲမှာ သူမလေးရဲ့ အစ်ကိုကြီးပေးသည့် Cinnamoroll အရုပ်လေးကို လက်သေးသေးလေးနဲ့ ဖက်ပြီး အိပ်ပျော်သွားရှာသည့် သမီးလေးကို ရှင်မွေ့ ပြုံးပြီးကြည့်လိုက်မိသည်။

ထို့နောက် တစ်ဖက်သို့ လှည့်လိုက်သည့်အခါမှာတော့ သူမအနောက်တွင်ရှိနေတဲ့ စက်ရဲ့ ရင်ခွင်ကြီးနဲ့ တည့်တည့်သွားတိုးလေသည်။

စက်ရဲ့ သန်မာတဲ့ လက်အစုံက သူမရဲ့ အင်္ကျီအောက်ကို လျှို၀င်ကာ သူမခါးလေးကို ခပ်ဖွဖွ ထိတွေ့လာသည့် အခါမှာတော့ ရှင်မွေ့ တိုးတိုးလေး ရယ်လိုက်မိသည်။

"စက်.....သမီးလေး အိပ်သွားပြီ "

အားမာန်အပြည့်နဲ့ မျက်နှာလေးမော့ကာ သူ့အား သမီးလေးအိပ်သွားပြီဆိုတဲ့အကြောင်းကို တက်ကြွစွာပြောလာသည့် ရှင်မွေ့ကို ကြည့်ပြီး စက် တိုးတိတ်စွာရယ်လိုက်မိသည်။

ဒါပေမဲ့ ရှင်မွေ့အား ထပ်ပြီး စချင်သေးတာကြောင့် အင်္ကျီအောက်ထဲမှ လက်ကိုပြန်ထုတ်လိုက်ကာ ရှင်မွေ့ရဲ့ မျက်နှာလေးကို အုပ်ကိုင်လိုက်သည်။

"အွန်း.... သမီးလေးလဲ အိပ်သွားပြီဆိုတော့ ကိုယ်တို့လဲ အိပ်ကြရအောင်....."

စက် ဆီမှ မထင်မှတ်ထားတဲ့ တုံ့ပြန်မှုကို ရရှိလိုက်တာကြောင့် ရှင်မွေ့ ​ စိတ်လှုပ်ရှားနေရာမှ ရပ်တန့်သွားရသည်။

"ဟင်.... စက်က မလုပ်တော့ဘူးလား....."

"ကိုယ်က ဘာကိုလုပ်ရမှာလဲ ရှင်မွေ့ရဲ့ ....."

စက်ရဲ့ ပြုံးစစမျက်နှာကို မြင်တော့မှ စက်တစ်ယောက် သူမအား တမင်ကျီစယ်နေတယ်ဆိုတာကို သိလိုက်ရပြီး ရှင်မွေ့ မျက်မှောင်လေးကျုံ့လိုက်မိသည်။

"ကောင်းပြီလေ .... ဒါဆိုလဲ အိပ်ကြတာပေါ့....."

စက်က သူမကို ကျီစယ်နေတာမို့ သူမကလဲ စက် ဖြစ်စေချင်တဲ့အတိုင်း ပါ၀င်စီးမျောပေးရမှာပေါ့။

သူမရဲ့ မျက်၀န်းလေးတွေကို ရှင်မွေ့ တကယ်ပဲ မှိတ်ချကာ အိပ်ပျော်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာတော့ ရုတ်တရက်ဆိုသလို သူမကိုယ်လေးက လေပေါ်မှာ မြောက်တက်သွားရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now