♥️ အပိုင်း 4 ♥️

18.3K 849 142
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 4 ♥️

တိတ်ဆိတ်နေတဲ့ အခန်းအတွင်းမှာ သူမရဲ့ Skin care ပစ္စည်းတွေကို ဖွင့်ဖောက်အသုံးပြုသံတို့က ခပ်ကျယ်ကျယ် ထွက်ပေါ်နေတာကြောင့် ခုတင်ခေါင်းရင်းကို ကျောမှီပြီး စာထိုင်ဖတ်နေသည့် စက်မှာ သူမဆီသို့ အကြည့်ရောက်သွားရသည်။

အရင်က ဘာမှမရှိခဲ့တဲ့ သူမရဲ့ မှန်တင်ခုံပေါ်မှာ အခုတော့ Skin care နဲ့ cosmetic ပစ္စည်းအမျိုးအစားပေါင်းများစွာ ရောက်နေပြီဖြစ်သည်။

ဒါတွေကို ဘယ်ကပိုက်ဆံနဲ့ ၀ယ်တာလဲဆိုပြီး စက်မေးကြည့်တော့ မီးခံသေတ္တာထဲမှ ပိုက်ဆံတွေနဲ့ ၀ယ်တာဟု သူမက အေးအေးလူလူပဲ ပြန်ဖြေခဲ့၏။ ပြီးတော့ ပိုက်ဆံကို ထပ်ထည့်ပေးဖို့တောင် သူ့အား ပြောလိုက်သေးသည်။

စစချင်းတုန်းကတော့ သူ့အတွက် အရမ်း ထူးဆန်းနေခဲ့ပေမယ့် အခုတော့ သူမရဲ့ ပြောင်းလဲမှုတွေအပေါ်မှာ စက် နေသားကျနေပြီဖြစ်၏။

မနက်ဖြန်ကျရင် မီးခံသေတ္တာထဲ ပိုက်ဆံကို ထပ်ဖြည့်ပေးရင်း သူမအတွက် လိုရမယ်ရ bank card လေးတစ်ခုကိုပါ လုပ်ပေးရမည်ဟု စက် တွေးလိုက်မိသည်။

တွေးရင်းနဲ့ စက် သူမကိုပြန်ကြည့်လိုက်တော့ သူမက အခုချိန်ထိ လိမ်းလို့ မပြီးနိုင်သေးပေ။

အဲ့ဒီ မှန်တင်ခုံပေါ်မှာရှိနေတဲ့ ပုလင်းတွေ အားလုံးကို တစ်ခုချင်းစီများ လိမ်းနေမှာလား???

မျက်နှာကိုသာမက လည်ပင်းတွေကိုပါ ပွတ်လိမ်းနေတဲ့ သူမကို စက် စိတ်ရှည်ရှည်နဲ့ပဲ ကြည့်နေမိတော့သည်။

ပန်းရောင်နုနု ခေါင်းပတ်လေးနဲ့ ဆံပင်တွေကို လှန်တင်ထားတဲ့ သူမကို ကြည့်ပြီး အဲ့ဒီ Hello Kitty ခေါင်းပတ်ကိုရော ဘယ်ကနေ ၀ယ်ထားတာပါလိမ့်ဟု စက် သိချင်လာရသည်။

ကြည့်နေရင်းနဲ့ပဲ သူမရဲ့ နောက်ပိုင်းကို စက် သတိထားမိသွားရသည်။

သူပဲ စိတ်ထင်နေတာများလားတော့ မသိ .... မတွေ့ ဖြစ်သည့် ရက်ပိုင်းလေးအတွင်းမှာ သူမ နည်းနည်းလေးများ ပိုပြည့်လာသလားလို့။

♥️ Extraordinary Marriage ♥️Waar verhalen tot leven komen. Ontdek het nu