♥️အပိုင်း 22 ♥️

17.4K 811 32
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 22 ♥️

"စက်....."

"အင်း....."

မနက်စာစားပြီးနောက် အခန်းထဲပြန်ရောက်ပြီး မှန်ရှေ့မှာ နက်ခ်တိုင်ကို ကြည့်ကောင်းအောင် စည်းနေသည့် စက်ကို ရှင်မွေ့ လှမ်းခေါ်လိုက်တော့ သူက အင်း ဟုသာ တုံ့ပြန်လာလေသည်။

"ထမင်းကြော်က စားမကောင်းလို့လား...."

"ကောင်းပါတယ်ဆို....  အဲ့ဒီမေးခွန်းကိုပဲ ဘယ်နှခါတောင်မေးနေတာလဲ....."

"အဲ့တာဆို ရှင့်မျက်နှာကြီးက ဘာလို့ ဆူပုတ်ပုတ်ဖြစ်နေရတာလဲ ...... "

"မဖြစ်ပါဘူး....."

"အော်ဟော်.... ဖြစ်နေတာကို မဖြစ်ပါဘူးလို့ ညာပြောပြန်ပြီ..... ရှင့် ရှေ့မှာ ရှိနေတဲ့ အဲ့ဒီမှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ်လဲ သေချာပြန်ကြည့်လိုက်ဦး.... ရှင့်မျက်နှာ ဆူပုတ်နေလား၊ မဆူပုတ်နေဘူးလားဆိုတာကို....."

"......."

"ဘာဖြစ်နေတာလဲဆို..... ရှင်နဲ့မတူအောင်လို အဲ့လိုမျိုး စိတ်ကောက်ပြီး တိတ်ဆိတ်မနေစမ်းပါနဲ့ ..... ရှင့်စိတ်ထဲကို ကျွန်မလဲ ၀င်ကြည့်လို့ရတာမဟုတ်ဘူး..... ရှင် ဖြစ်နေတာကိုပြောမှ ကျွန်မက သိမှာပေါ့လို့ ......"

"ကိုယ်ဖြစ်နေတာကို ​ကိုယ်ပြောပြမှ မင်းကသိမှာလား ......"

"ရှင်ပြောပြမှ ကျွန်မကသိမှာပေါ့လို့..... ရှင်မပြောဘဲ ကျွန်မက ဘယ်လိုလုပ်ပြီး သိမှာလဲ..... ပြောမှာဖြင့်ပြောစမ်းပါ.... လင်မယားဆိုတာ ပွင့်ပွင့်လင်းလင်းရှိရမယ်လေ...... ပြောပါ စက်ရဲ့ ..."

"အဲ့တာက ဘာလို့လဲဆိုရင် .... ကြက်ဥကြော်ကို အသည်းပုံ မလုပ်ပေးလို့ကွာ....."

"ဟမ်....."

စက်ရဲ့ စကားကြောင့် ရှင်မွေ့ သူမများ နားကြားမှားသလားဆိုပြီး ဝေခွဲမရ ဖြစ်သွားရသည်။

"ဟုတ်တယ်လေ..... မင်းက သားလေးတွေကို ချစ်လို့ ကြက်ဥကြော်ကို အသည်းပုံလေးတွေ လုပ်ပေးတာဆိုတော့ ကိုယ့်ကိုကျ မချစ်လို့ မလုပ်ပေးတာပေါ့.... အဲ့လိုလား..."

♥️ Extraordinary Marriage ♥️Where stories live. Discover now