♥️ အပိုင်း 13 ♥️

16.8K 828 27
                                    

Extraordinary Marriage

[ထူး​ခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 13 ♥️

"ကိုကို 1ရေ ..... သားသားကို မှီအောင်ဖမ်းနော်..... သားသားက ဒီဘက်မှာရှိတာ....."

"သားက ဒီဘက်မှာ ကိုကို ..... ဒီဘက်ကိုလာ...."

ညီလေး၂ယောက်ရဲ့ အသံတွေက ရောနေတာကြောင့် မျက်လုံးကို အ၀တ်နဲ့ အစည်းခံထားရတဲ့ ကောင်းစက်မှာ ဘယ်ဘက်ကို သွားလို့သွားရမှန်းမသိ ဖြစ်သွားရသည်။

"ကိုကိုရေ....."

ရုတ်တရက် သူ့ခါးကို လက်လေးနဲ့ လာထိပြီး လှစ်ခနဲထွက်ပြေးသွားတဲ့ မင်းစက်ကို ကောင်းစက် လျှင်မြန်စွာ လှမ်းဖမ်းလိုက်ပေမယ့် မမိလိုက်တာကြောင့် မချင့်မရဲဖြစ်သွားရသည်။

"ဟီးဟီး ကိုကို သားကို မမိပါဘူးကွယ် "

မင်းစက် ရယ်သံလေးကို ကြားလိုက်ရလျှင် ကောင်းစက်ရဲ့ အပေါ်နှုတ်ခမ်းလေးတွေ ပြုံးယောင်သမ်းသွားရသည်။

" ကိုကို 1.... သားသားက ဒီမှာရှိတယ်.... သားသားက ဒီအတိုင်းရပ်နေတာနော်....
ကိုကို 1 လာမယ်ဆို အလွယ်လေး....."

"ဟာ.... တော်ပြီကွာ..... မင်းတို့လေးတွေက မျောက်ကလေးတွေကျနေတာပဲ..... ကိုကို မောလာပြီ....."

ကောင်းစက် မျက်လုံးစည်းကိုဖြုတ်လိုက်ပြီး မြက်ခင်းပြင်ပေါ် လှဲချလိုက်တော့ ညီလေး ၂ယောက်ကပါ သဘောကျစွာဖြင့်
တခစ်ခစ်ရယ်ရင်း သူ့ဘေးနားမှာ ၀င်လှဲလာလေသည်။

"ကိုကို 1 နဲ့ ကိုကို 2 တို့ ဟိုမှာ ကြည့်ကြည့်လိုက် ..... တိမ်တွေက ဆင်ကြီးလို ဖြစ်နေတယ်....."

"ဟာ ဟုတ်တယ်..... တိမ်တွေက ဆင်ကြီးအတိုင်းပဲ ....  ၀ါး မိုက်လိုက်တာ......"

ခွန်းစက် လက်ညှိုးလေးနဲ့ညွှန်ပြီး ပြလာတဲ့ ဆင်ပုံစံ တိမ်စိုင်အစုအဝေးကြီးကို ကြည့်ပြီး ကောင်းစက်ပြုံးလိုက်မိသည်။

မြက်ခင်းပြင်ပေါ်မှာ အားရပါးရလှဲအိပ်နေကြသည့် ညီအစ်ကို ၃ယောက်ကိုကြည့်ပြီး အိမ်ထဲမှထွက်လာသည့်ရှင်မွေ့မှာ  မျက်လုံးလေးတွေ မှေးစင်းသွားရသည်။

♥️ Extraordinary Marriage ♥️जहाँ कहानियाँ रहती हैं। अभी खोजें