♥️ အပိုင်း 97 ♥️

7.4K 447 9
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 97 ♥️

ယွန်းပေါက်စမှာ မျက်လုံးလေးတွေကို လက်နဲ့ အသာပွတ်သပ်ကာ အိပ်ရာမှ နိုးလာရသည်။

"မာမာ......"

နိုးနိုးချင်း ကြယ်လေးတွေကပ်ထားတဲ့ မျက်နှာကျက်ကို ယွန်း မြင်လိုက်ရပြီးနောက် အိပ်နေရာမှ ပုံ့ပုံ့လေး ထထိုင်လိုက်သည်။ ပြီးလျှင် ခေါင်းလေးလှည့်ကာ သူမလေးရဲ့ ဘေးဘက်ကို ယွန်း ကြည့်လိုက်သည်။

"ဒယ်ဒယ်......"

သူမလေးရဲ့ ဒယ်ဒယ်က အခုချိန်အထိ အိပ်ပျော်နေတုန်းမို့ ယွန်း မျက်လုံးလေးတွေထဲ အပြုံးရိပ်လေးတွေ ဖုံးလွှမ်းသွားရသည်။

ထို့နောက် ခြုံထားတဲ့ စောင်ဖြူလေးကို တွန်းဖယ်ပစ်လိုက်ကာ သူမလေးရဲ့ အိပ်ရာသေးသေးလေးကနေ ဒယ်ဒယ်တို့ရဲ့ အိပ်ရာအကြီးကြီးဘက်ကို ယွန်း ကူးလာခဲ့လိုက်သည်။

"ဒယ်ဒယ်..... ဒယ်ဒယ် ...."

ရှင်မွေ့ ရေချိုးခန်းထဲမှ ထွက်ထွက်လာချင်းမှာပဲ အိပ်နေတဲ့ စက်ဆီကို သွားနေသည့် သမီးကို မြင်လိုက်ရတာကြောင့် အိပ်ရာဆီကို ကပျာကယာ သွားပြီး သမီးအား ပွေ့ချီလိုက်ရသည်။

"အာ......"

ယွန်းမှာ ဒယ်ဒယ့်ဆီကို သွားနေတုန်းမှာပဲ ရုတ်တရက်ပွေ့ချီခံလိုက်ရတာကြောင့် "အာ...." ဆိုပြီး အသံသေးသေးလေး ထွက်သွားရသည်။

"ဒယ်ဒီအိပ်နေတာကို မနှောင့်ယှက်ရဘူးလေ သမီး..... ဒယ်ဒီ အိပ်ပါစေ ...... "

"မာမာ ရွန်းက ဒယ်ဒယ့်ကို အာဘွားရေး ပေးချင်ရို့ရေ ......"

"ဒယ်ဒီက နေမကောင်းဘူး သမီးရဲ့ ....တစ်ညလုံး အဖျားတွေ တက်နေတာ..... ခုဏလေးကမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာ ......."

"ဒယ်ဒယ်က နေကောင်း၀ူးရား မာမာ.... "

ဖအေချစ်ကလေးမှာ အဖေဖြစ်သူ နေမကောင်းဘူးဆိုတာကို သိလိုက်ရတာနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာဖောင်းဖောင်းလေးက တစ်ခါထဲဆိုသလို ကမ္ဘာသေးသေးလေး ပျက်သလို ဖြစ်သွားလေသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now