♥️ အပိုင်း 21 ♥️

16.3K 816 35
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 21 ♥️

"ရှင်မွေ့ ....."

"ဟင်....."

"တကယ်တော့လေ ကိုယ်မင်းကို ပြောစရာရှိသေးတယ်ရယ်......အဲ့စကားကို မင်းသတိမေ့နေတဲ့ အချိန်တုန်းကတော့ ကိုယ်မင်းကို ပြောခဲ့ဖူးတယ် "

စက်မဟာတည်ရဲ့ စကားကြောင့် ရှင်မွေ့ ရင်ထဲမှ နှလုံးသားလေးက အရှိန်ပြင်းပြင်းနဲ့ စပြီး ခုန်လှုပ်လာရသည်။

"ဘာ..... ဘာပြောမို့လဲဟင် "

"ကိုယ် မင်းကို ချစ်တယ် ရှင်မွေ့  "

ချစ်တယ်ဟုပြောပြီးတာနဲ့ စက်မဟာတည်က သူမနှုတ်ခမ်းလေးကို ငုံ့ပြီးနမ်းလာတာကြောင့် ရှင်မွေ့  မျက်လွှာလေးကို အသာမှိတ်ချလိုက်မိသည်။

ထို့နောက် သူမနှုတ်ခမ်းလွှာလေးတွေကို ထိတွေ့နမ်းရှိုက်နေတဲ့ စက်မဟာတည်ရဲ့ နှုတ်ခမ်းတွေကို ပြန်လည်နမ်းရှိုက်ရင်း အနမ်းတွေကို ရှင်မွေ့ တုံ့ပြန်လိုက်မိသည်။

"ချစ်တယ် ရှင်မွေ့ .... ကိုယ် မင်းကို အရမ်းချစ်တယ်....."

နှုတ်ခမ်းချင်း နမ်းရှိုက်ပြီးတဲ့နောက် စက်မဟာတည်က သူမအား ရီဝေစွာကြည့်လာပြီး နောက်တစ်ကြိမ် ချစ်တယ်ဟု ပြောလာလျှင် ရှင်မွေ့ကြည်နူးစွာပြုံးလိုက်မိသည်။

ထို့နောက် စက်မဟာတည်ရဲ့ လည်တိုင်ကို သူမလက်လေးတွေနဲ့ ဖက်တွယ်လိုက်ကာ သူမဘက်မှစတင်ပြီး နောက်ထပ်တစ်ကြိမ် နှုတ်ခမ်းချင်း ဖွဖွလေးထပ်နမ်းလိုက်သည်။

"အဲ့တာက ကျွန်မရဲ့ အဖြေပဲ ....."

သူမရဲ့အဖြေကြောင့် စက်မဟာတည်က ၀မ်းသာအားရ ပြုံးကာ သူမရဲ့ နဖူးလေးကို ငုံ့နမ်းလေသည်။

"ဒါဆို ရှင်မွေ့  ကိုယ်တို့တွေ ဒီည .... "

"အဲ့တာတော့ မဖြစ်သေးဘူးထင်တယ်....."

"ဟင် .... ဘာလို့လဲ .... "

"ကျွန်မ ခုဏက ရေချိုးခန်းထဲ၀င်တော့
menstruation တွေလာနေတယ်.... ဒီညမှ စလာတာ ..... "

အဖြေရပြီးပြီးချင်းမှာပဲ အနီရောင် sign အပြခံလိုက်ရတာကြောင့် စက် စိတ်ညစ်သွားရသည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now