♥️ အပိုင်း 3 ♥️

17.9K 789 40
                                    

Extraordinary Marriage

[ထူးခြားသော လက်ထပ်ခြင်း]

♥️ အပိုင်း 3 ♥️

"ဘာမှတော့မဖြစ်ပါဘူး ..... နှာနုရိုးကို ထိသွားလို့ သွေးလေးနည်းနည်းထွက်လာတာပါ..... ရေခဲလေးအုံလိုက်ရင် အဆင်ပြေသွားမှာပါ .... ဆေးသောက်ဖို့တောင် မလိုပါဘူး ..... "

"ဟိုလေ တကယ်အဆင်ပြေရဲ့လားဟင် ဒေါက်တာ.....လူလေးကို တကယ်ပဲ ဘာဆေးမှ တိုက်ဖို့ မလိုဘူးလားဟင်....."

"တကယ်အဆင်ပြေပါတယ် ကြီးကြီးမြရဲ့ .... ရေခဲလေးပဲ အုံပေးပါနော်....."

"ဟုတ်ကဲ့ ဒေါက်တာ....."

"ကြီးကြီးမြ .... ဒေါက်တာကို အောက်ထပ် ပြန်လိုက်ပို့ပေးလိုက်ပါဦး ..... ခဏနေရင် ကျွန်တော်က မှာစရာလေးရှိလို့ ဦးလေးကို ဒီအပေါ်ထပ်ဆီ လာခိုင်းလိုက်ပါနော် ....."

"အေးအေး လူလေး.....မင်းဦးလေးကို ကြီးကြီးမြ လွှတ်လိုက်မယ်နော်....လူလေးလဲ ကောင်းကောင်း အနားယူလိုက်ပါဦး ...."

ဒေါက်တာရော ကြီးကြီးမြရော ပြန်ထွက်သွားကြတဲ့ အချိန်မှာတော့ အခန်းထဲ သူတို့ မိသားစုသာ ကျန်ခဲ့သည်။

ရေခဲကပ်ပြီး အိပ်ရာပေါ်လဲလျောင်းနေရသည့် ဒယ်ဒီကို ကြည့်ပြီး မင်းစက် တုန်လှုပ်မိသည်။

သူ့ရဲ့ အသုံးမကျတဲ့ မာမီက ဆေးရုံမှ ဆင်းလာပြီးထဲက တခြားတစ်ယောက်လိုမျိုး  ပြောင်းလဲသွား၏။ ညီလေး ခွန်းစက်ပြောသလိုမျိုး စုန်းမကြီးနဲ့ ပိုတူလာသည်။

သူတို့ ညီအစ်ကို ၃ယောက်လုံးအပေါ်မှာ ပြောင်းလဲသွားရုံသာမက အခုဆို ဒယ်ဒီကို  အနာတရဖြစ်ပြီး သွေးထွက်အောင်ပါ လုပ်ပစ်လိုက်သေးသည်။

တော်တော်ကြောက်ဖို့ကောင်းတာပဲ။

"အီး ဒယ်ဒီ မ​သေပါနဲ့ဦး ..... သားသားက ဒယ်ဒီကို မ​သေစေချင်ဘူး ...... သားသားတို့နဲ့ အကြာကြီးနေသွားပါဦး ဒယ်ဒီရဲ့ "

သူ့ရဲ့ လက်ကို ဆွဲလှုပ်ပြီး ငိုနေတဲ့ သားအငယ်ဆုံးလေးရဲ့ ပခုံးကို စက် ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။

"ဒယ်ဒီ ဘာမှမဖြစ်ပါဘူး သားရဲ့ ..... မငိုနဲ့တော့ ..... ဒီအတိုင်း သွေးလေး နည်းနည်း ထွက်ရုံပါ...."

♥️ Extraordinary Marriage ♥️Where stories live. Discover now