♥️ အပိုင်း 1 ♥️

24.5K 776 40
                                    

Extraordinary Marriage

♥️ အပိုင်း 1 ♥️

ရှင်မွေ့ နိုးနိုးချင်း ရှူရှိုက်လိုက်ရသည်မှာ ပြင်းထန်လွန်းတဲ့ ပိုးသတ်ဆေးနံ့တစ်မျိုးကိုပင်။

သူမ ဘယ်ရောက်နေတာလဲ။

ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ပြန်ပြီး စဥ်းစားကြည့်တော့ အာရုံထဲနောက်ဆုံးပေါ်လာသည်မှာ တောင်တက်လမ်းပေါ်တွင် သူမစီးလာတဲ့ ကား တိမ်းမှောက်သွားတာကိုပင်။

ဒါဆို သူမအခုဆေးရုံရောက်နေတာပေါ့။

ကိုယ့်ကိုယ်ကိုယ် ဆေးရုံရောက်နေတယ်ဆိုတာ သိလိုက်ပြီး ရှင်မွေ့ လှဲအိပ်နေရာမှ ထထိုင်လိုက်ကာ စိတ်သက်သာရာ ရသွားဟန်ဖြင့် ပင့်သက်လေးရှိုက်လိုက်မိသည်။

အဲ့တာဆို သူမ မ​ေသသေးဘူးပဲ။

ဒါပေမဲ့ ရုတ်တရက် သူမမျက်နှာနဲ့ တစ်ထေရာထဲတူတဲ့ အမျိုးသမီးတစ်ယောက် လက်ကောက်၀တ်ကို ဓားနဲ့ လှီးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့လုပ်နေသည့် မြင်ကွင်းက ရှင်မွေ့အာရုံထဲပေါ်လာသော အခါမှာတော့ ရှင်မွေ့ လန့်ပြီး နောက်သို့ဆုတ်လိုက်မိသည်။

သူမတစ်ယောက်ထဲသာရှိနေသည့် ခြောက်ခြားဖွယ်ဆေးရုံခန်းကြီးကို ဝေ့ကြည့်ရင်း ရှင်မွေ့ တုန်လှုပ်လာရသည်။

ဘယ်သူလဲ ..... သူမနဲ့ တစ်ထေရာထဲ တူနေတဲ့ အဲ့ဒီမိန်းကလေးက ဘယ်သူလဲ။

ဘာလို့ အဲ့လိုမျိုးလုပ်ရတာလဲ။

ခေါင်းက ဆိုးဆိုးရွားရွား ထိခိုက်နာကျင်လာတဲ့ အချိန်မှာတော့ ရှင်မွေ့ နားထင်ကို လက်လေးနဲ့ ဖိထားလိုက်မိသည်။

ထို့နောက် သူမအာရုံထဲ တရိပ်ရိပ်နဲ့ ပေါ်လာတဲ့ အဖြစ်အပျက်၊ မြင်ကွင်းနဲ့ စကားသံတွေ။

အဖိုးကြီးတစ်ယောက်၊ ယောကျာ်းတစ်ယောက်နဲ့ ကောင်လေး ၃ယောက်။

သူတို့က ဘယ်သူတွေလဲ။

ဘာလို့သူမက အဲ့တာတွေကို မှတ်မိနေရတာလဲ။

ရှင်မွေ့ ဘာမှမစဥ်းစားနိုင်တော့ဘဲ မျက်လုံးတွေ မှေးစင်းလာရကာ အာရုံထဲ တစ်ဖန်ပြန်လည်မှောင်မိုက်လို့သွားခဲ့သည်။

♥️ Extraordinary Marriage ♥️Where stories live. Discover now