Special : Angry God (2)

28.3K 733 87
                                    

Check Unicode Version below ⬇️

#Zawgyi

ကားထဲမှ ထွက်လိုက်သည်နှင့် လေပူတွေက ပင့်တိုက်ပါတော့သည် ။

မျက်နှာတစ်ခုလုံးနီမြန်းကာ မျက်နှာကိုလက်နဲ့ကာလိုက်တဲ့ May. အမူအရာကို သတိပြုမိသော သက်တော်စောင့်မှာ အမြန်ထီးမိုး၏ ။

ဒူဘိုင်းမြို့သည် ဆောင်းဦးမှာတောင် ကန္တာရပင် ။ ‌ဗိသုကာပိုင်းမှာ လွန်စွာတိုးတက်သောမြို့ကြီးဖြစ်၍ ဘယ်နေရာကြည့်ကြည့် ဆန်းဆန်းပြားပြားသဏ္ဌာန်ရှိသည့် အဆောက်အဦးတို့မှာ ထိုးထိုးထောင်ထောင် ။

ကံဆိုးချင်တော့ May ဟာ ဘေကျင်းသူပီပီ နေရောင်ကြောက်သည် ။ ဘာကိုမှ ရှူမြင်ခံစားမနေနိုင် ... အရိပ်ထဲဝင်ပြေးဖို့သာ စိတ်လောနေတော့သည် ။

ကြိုးသိုင်းဖိနပ်အဖြူ ဒေါက်ချွန်ကို စီးထားတဲ့ ခြေထောက်သွယ်သွယ်လေးများသည် တစ်ချက်မှအခက်အခဲမရှိပဲ မျက်စိရှေ့မှ မှန်များဖြင့်ပြုလုပ်ထားသည့် အဆောက်အအုံကြီးထဲသို့ အလောတလျင် ဦးတည်လိုက်သည် ။ ဘေးနားမှ သက်တော်စောင့်ကြီး လေးယောက်မှာမူ ချောမွတ်နေသော ကြွေပြားများအပေါ်၌ May မတော်တဆ‌ ခြေလိမ်ကျခဲ့သည်ရှိသော် စိုးရိမ်ကြသည်ထင့် ... လေးယောက်လုံး အရိပ်တကြည့်ကြည့် ... ။

အထဲသို့ရောက်တာနဲ့ May. ဆီသို့ အနောက်တိုင်းဝတ်စုံ ပန်းဆီရောင်နှင့် အမျိုးသမီးတစ်ယောက် အပြေးလာတော့သည် ။ သူမ၏ဖော်ရွေသော အပြုံးအရ May. ရောက်လာမည်ကို ကြိုတင်သိရှိထားကြောင်း ထင်ရှား၏ ။

" Mrs. King , တွေ့ရတာ ဝမ်းသာပါတယ် ။ ကျွန်မက သူဌေးတို့ ရောက်တဲ့အချိန်အထိ Mrs.လိုရာ လိုက်ပြပေးမယ့် သူပါ ။ အတွင်းရေးမှူး Nina လို့ အလွယ်ခေါ်လို့ရပါတယ် ရှင့် " 

Nina သည် အရှေ့အလယ်ပိုင်းအမျိုးသမီးတစ်ယောက်ဆိုတဲ့အတိုင်း တရုတ်စကား၌ အာရေဗျသံအနည်းငယ်ဝဲနေ၏ ။ သို့သော် May နားလည်နိုင်သဖြင့် ပြုံးပြကာ ခေါင်းညိတ်သဘောတူလိုက်သည် ။

" ကောင်းပါပြီ "

သူမက May. ကို မသိမသာအကဲခတ်ကာ ရယ်ကျဲကျဲဆို၏ ။

" တွေ့တွေ့ချင်းပြောရတာ ရှက်စရာ နည်းနည်းကောင်းပေမယ့် ကျွန်မက M ရဲ့ ဒီဇိုင်းတွေရဲ့ ပရိတ်သတ်ပါ ။ ဒီနေ့ စတိုင်လ်လဲ အရမ်းမိုက်တယ် "

Tasting RED : Eros (Completed)Where stories live. Discover now