'Cruel You'

28.9K 2.3K 18
                                    

Check Unicode Version below ⬇️

#Zawgyi

ပြိုင်ကားအနက်လေးက ပြေးလမ်းပေါ်၌ တည်ငြိမ်စွာပြေးလွှားနေ၏ ။

ရှေ့ကတ္တယာလမ်းကိုသာ စူးစိုက်ကြည့်ရင်း သူ့မျက်လုံးတွေသည် ပေါက်ကွဲတော့မည့်မီးတောင်ရှင်လို ရဲရဲတောက်နေသည် ။ ဘယ်သူ့ကို ဒေါသထွက်နေသလဲ မသိရသည်က May. ကိုနေရခက်စေ၏ ။

နက်ပြာရောင်ပင်လယ်ပြင်ကြီးဟာ May. လို ကောင်မလေးတစ်ယောက်အတွက်နက်ရှိုင်းလွန်းပါ၏ ။ စူးစမ်းမျောပါလိုချင်စိတ်တွေကို သိုသိပ်လိုက်ကာ May သူ့ဆီမှအကြည့်လွှဲပြီး အပြင်ဖက်တရိပ်ရိပ်ကျန်ရစ်ခဲ့သည့် အရာတွေကိုသာငေးမောနေလိုက်သည် ။

ခဏက May.ကိုကယ်တင်ပေးခဲ့တဲ့သူ့ပုံစံက ဘယ်လောက်ကြည့်ကောင်းကြောင်းလဲ May မပြောတော့ပါ ။

ငြိမ်သက်လွန်းနေတာမို့ မရေရာသောအကြောင်းပြချက်ဖြင့် ရင်ဖက်ထဲမှနှလုံးသားသည် ကျယ်လောင်စွာခုန်ပေါက်လျက်ရှိသည် ။ ‌ခုန်ပါစေ ... သူ မသိသေးသ၍ ဖြစ်ချင်သလိုဖြစ်ပါစေ ။ စိတ်ထဲမှာရှိနေပေမယ့် အပြင်သို့ထုတ်မပြ
ချင်တဲ့မာနတို့ဖြင့် တောင့်ခံနေဦးမည်။

May. တိုက်ခန်းနဲ့ကျောင်းသည် ခြေကျင်လျောက်တာတောင် ဆယ့်ငါးမိနစ်မကြာပေ ။ ဒါကြောင့် နာရီဝက်ကျော်သွားပေမယ့် အိမ်မရောက်သေး၍ သတိထားကြည့်မိ‌မှ May ကို သူအိမ်ပြန်လမ်းပေါ်ခေါ်သွားတာမဟုတ်ကြောင်းသိရသည် ။

" နင်ဘယ်သွားနေတာလဲ ငါ့အိမ်ကိုမဟုတ်ဘူးလား ? Killian ! "

သူ့လက်မောင်းကိုကိုင်ပြီး အော်လိုက်မှ
သူ May. ကိုလှည့်ကြည့်လာသည် ။

Killian : " မင်း ခဏလောက်ပဲဖြစ်ဖြစ် ငြိမ်ငြိမ်မနေနိုင်ဘူးလား ? "

မျက်မှောင်ကြီးကျုံ့ကာ May. ကိုအသားလွတ်အော်ငေါက်လေ၏ ။ သူ့ဒေါသတွေရဲ့ဦးတည်ချက်က May.ဆီကိုတဲ့လား ?

May လဲလန့်သွားရကာ ငိုချမိမတတ်ဝမ်းနည်းသွားရသည် ။ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ငိုမဲ့မဲ့ဖြစ်သွားသော May.မျက်နှာလေးကို သူသတိထားမိမှ လေပူတွေမှုတ်ထုတ်ကာ ကားကိုလမ်းဘေးထိုးရပ်လိုက်သည် ။

Tasting RED : Eros (Completed)Where stories live. Discover now