' Dawn to the rise '

26.2K 1.7K 26
                                    

Check Unicode Version below ⬇️


#Zawgyi


Killian : " စနေနေ့မနက် ၁၀ ခွဲ လာကြိုမယ် "

ထိုကတိကိုသူပေးခဲ့သည် ။ May ဟာ ရိုးအစွာနာခံပြီး ၁၀ နာရီခွဲတော့ တိုက်ခန်းရှေ့မှာ သူ့ကိုထွက်စောင့်နေခဲ့၏ ။

" လှလှလေးဝတ်ထား " တဲ့ ။

May. ဆီမှာရှိတဲ့ အလှဆုံး၊ အသစ်ဆုံး အညိုရောင်ပေါ်  ရောင်စုံပန်းပွင့်စိတ်စိတ်လေးများပါသည့် လေယူရာယိမ်းတဲ့ စကတ်အပွပွလေးကို ခါးပေါ်ခပ်မြင့်မြင့်ဝတ်ကာ ၊ အဝါနုရေးရေးရောတဲ့ ဆင်ဆွယ်ဗြောင် တီရှပ်လေးကို စကတ်ထဲ ခပ်ရော့ရော့ထည့်ဝတ်ထား၏ ။ နှုတ်ခမ်းသားတွေကိုလဲ ပန်းရောင်‌ပျော့ပျော့ ချယ်သထားကာ တတ်နိုင်သလောက် မင်းသားလေး မျက်နှာမပျက်ရလေအောင် အစွမ်းကုန်ပြင်ဆင်ထားတာဖြစ်သည် ။

သို့သော် မျှော်ရင်းနဲ့ ၁၁ နာရီကျော်လာပြီ ။ ကိုယ်တော်ချော၏ အရိပ်အယောင်တောင်မမြင်ရသေး... ။

" May ! "

လမ်းတစ်ဖက်၌ ထိုးရပ်သွားသောကားအဖြူတစ်စီးမှ ကောင်လေးတစ်ယောက်ထွက်လာကာ May.ကို လက်ပြသည် ။ အနှီသန့်ရှင်းနေသော မျက်နှာလှလှမှာ ဘယ်သူနဲ့မှ မှားနိုင်စရာမရှိ ။

" Dawn ? "

Dawn : " စောင့်ရတာ အရမ်းကြာသွားလား ? ဆောရီး ကိုယ့်အလုပ်က မပြီးလို့ "

လမ်းကူးပြီးပြေးလာကာ အမောတကောရှင်းပြ၏ ။ May မှာ သဘောမပေါက်နိုင်ပဲ  Dawn ရဲ့ အနောက်မှာ အကြင်သူများပါလာလေမလား မေးမိသည် ။

" Killian ကော ? သူစောင့်ခိုင်းထားတာ သူဘယ်မှာလဲ ဟင် "

May. အမေးကြောင့် Dawn မှာ ဖြေဖို့အခက်တွေ့သွားသလို ...  နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားကာ ပြုံးရန်ကြိုးစားရင်း မျက်ဝန်းညိုကြီးများက May. မျက်နှာကို စိုက်ကြည့်ပြီး နှုတ်ဆိတ်နေလေသည် ။

May လဲ သဘောပေါက်လိုက်ပြီ ။

" သူမလာတော့ဘူးမလား "

Tasting RED : Eros (Completed)Kde žijí příběhy. Začni objevovat