' Fatal '

12.5K 836 27
                                    

#Zawgyi

" နင်တို့ ဘယ်လိုတွေ့ခဲ့ကြတာလဲ ? "

ရုတ်တရက် သူ့အခန်းထဲဝင်ကာ May မေးခွန်းထုတ်လိုက်၏ ။
သူက အိပ်ယာပေါ်၌ စာအုပ်တစ်အုပ်ကိုကိုင်ထားရင်း May. ကို အံ့အားသင့်စွာကြည့်သည် ။

May လဲ ဘာမှမဖြစ်ခဲ့သလို ဆက်ပြီး ဟန်မဆောင်နေချင်တော့လို့ပါ ။
ဤပြသနာအား နှစ်ယောက်လုံးမဖြေရှင်းပဲ ရှောင်နေခဲ့တာ တစ်ပတ်ပြည့်တော့မည် ။

May ကပဲ ဆက်ပြောသည်။

" . . . ငါသိထားသင့်တယ်ထင်လို့ပါ "

May ပြောသာပြောလိုက်သည် ။
စကားတွေက မရေမရာ ။
ဤအခြေအနေမှာ ဒါဟာ မေးခွန်းအမှန်လား ၊ အမှားလားတောင် May မသိ ။

သူက ဖတ်လက်စ စာအုပ်ကို ပိတ်ကာ ဘေးမှာချလိုက်သည်။
အခန်းဝမှာ ရပ်ကာ သူ့အ‌ဖြေကိုစောင့်နေသော May. အားတည်ငြိမ်စွာပြန်လည်စူးစိုက်ကြည့်သည် ။
ထို့နောက် စိတ်ရှုပ်လာပုံ ဆံနက်တွေကို ဖွနေရင်းဆို၏ ။

Killian : " ဘေ့ . . ကိုယ်တို့နှစ်ယောက်ကြားမှာ အဲဒါလိုလား ?
သိသင့်တယ်ဆိုတာက ဘာလဲ ?
မင်း နဲ့ကိုယ်နဲ့ချစ်ကြတယ် ရှင်းရှင်းပဲ
မင်းသိထားရမှာက ဒါတစ်ခုတည်းပဲ "

သူ့စကားကို May အလိုမကျ ။
သူများတွေပြောသလို ရည်းစားဟောင်းရဲ့အကြောင်းကို မမေးသင့်ဘူးဆိုတဲ့ စည်းက May တို့အခြေအနေမှာ သက်ရောက်မှုမရှိတော့ဘူးလေ ။
ဘာကြောင့်လဲဆိုတာ သူလဲသိပါတယ် ။

" နားလည်မှုပေးရမယ့် အပိုင်းကကျော်လွန်သွားပြီ Killian
နင်မမြင်သေးဘူးလား
ငါတို့ ဘာ‌တွေဖြစ်နေကြပြီလဲဆိုတာ ၊ ထိခိုက်တဲ့သူတွေက ထိခိုက်ကုန်ပြီ "

May. မှာ ရုတ်ချည်း ဒေါသလာသဖြင့် စကားလုံးတွေကို ခေတ္တရပ်တန့်ပစ်လိုက်သည် ။
သူ့ရဲ့ အတိတ်တွေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေပဲ ။
အနည်းဆုံးတော့ သူနဲ့တိုက်ရိုက်သက်ဆိုင် သူတစ်‌ယောက်အနေဖြင့် May.ကို အလေးထားပြီး ရှင်းပြသင့်ပါသည် ။

သူက မျက်နှာလေးနီရဲတက်လာသော May. ကို ကြည့်ကာပင့်သက်ရှိုက်သည် ။
မသိရင် May ကပဲ အကြောင်းမရှိအကြောင်းရှာနေသလိုလို ။
May ပိုပြီး ခံပြင်းသွားသည် ။
စိတ်မကောင်းဖြစ်မိတော့ ပူနွေးလာသော မျက်လုံးတွေကို အားနဲ့ပွတ်မိသည် ။
ထိုသည်ကိုမြင်တော့မှ သူကုတင်ပေါ်ကဆင်းကာ May. ရှေ့ ရောက်လာသည်။

Tasting RED : Eros (Completed)Where stories live. Discover now