Blue is the warmest colour

19.6K 1.5K 50
                                    

Unicode is below ⬇️

#Zawgyi

" I am afraid to Love someone completely without having them Love me first "

________________________________

ရေမိုးချိုး ၊ ဆေးထည့်ပေးပြီးတော့  အိမ်ခန်းထဲ သူယောင်လည်လည်လုပ်နေသည် ။ ပန်းပွင့်လေးထပ် ခိုနားပြီးမခွာချင်တော့သော လိပ်ပြာငယ်လေးလို ။ ကြင်နာမှုတွေကြား သူသာယာသည်ဆိုလျင်ပဲ May ကျေနပ်ပါပြီ ။

ပြေးလိုရာပြေးပြီး ခလုတ်တိုက်ချော်လဲတဲ့အခါ ဒီရင်ခွင်မှာ ငိုကြွေးလှည့်ပါလို့ အမှာပါးမိသူဟာ May ပါ ။ ဖြစ်လွယ် ပျက်လွယ်သည့် သူ့လောကကြီးမှာ ရင်ခွင်ငှားသည်ဟူ၍ ဆိုင်းဘုတ်တတ်ထားတဲ့ May.အချစ်တွေကျတော့ တည်မြဲနေလိုက်တာများ . . .။

May ကတော့ ဆိုဖာပေါ်၌ ထိုင်လျက်
သူ့အား ကြည့်နေမိသည် ။

ရေလဲ ပဝါလေးတစ်ထည်ကိုသာ
ခါးမှာ ပတ်ထားပြီး ဗလာကျင်းနေသော သူ့ ခန္ဓာကိုယ်က ပတ်တီးအပြီးသားနှင့် ။
ဒဏ်ရာတွေက နာကျင်ကိုက်ခဲနေမှာ
သေချာပါသည် ။ သို့သော် သူသည် ထိုနာကျင်မှုကို အသားကျနေသလို အေး‌အေး‌ဆေး‌ဆေးပင် ။

တွေးကြည့်လျှင် ရင်နာစရာကောင်းတော့မည် ။

လှိုက်တက်လာသော ဝမ်းနည်းစို့နင့်မှု
တွေကို ကြိတ်မှိတ်မြိုချလိုက်သည် ။ ငိုနေရမှာက May မဟုတ် ။ မိခင်ကို ဆုံးရှုံးကာ ဝေဒနာတွေခံစားနေရသော ကောင်လေးတစ်ယောက်ပါ ။

Killian : " ဟင်း ဟင်း ဒါကို မင်းဝတ်တာလား ?  ပုံတုံးကြီး  "

ဝရံတာ၌ လှမ်းထားသော May. အကျီပွကြီးကို ကြည့်ကာ ကွဲရှနေသော နှုတ်ခမ်းတွေက သဘောတကျရယ်နေလေရဲ့ ။

ဤအခြေအနေ၌ ဘာကသူ့အတွက်
ဒီလောက်ထိရယ်စရာကောင်းနေသည်မသိ ၊ နားမလည်နိုင် ။ သူဟန်‌ဆောင်နေပြန်ပြီလား ?

" Killian ? နင် အိမ်ပြန်သင့်တယ် ၊ အသုဘပို့ မမှီလောက်တော့ပေမယ့်လဲ မနက်ဖြန်တော့ သွားလိုက်သင့်တယ်   "

May အကျိုးအကြောင်းပြော နားချရန်
ကြိုးစားရ၏ ။

Killian : " ဘာဖြစ်လို့လဲ ? "

May. ကို သူစူးစူးရဲရဲကြည့်ကာ မေးသည် ။ ' ဘာဖြစ်လို့လဲ ' တဲ့ ။ သူတကယ် နားမလည်ဘူးလား ?

Tasting RED : Eros (Completed)Where stories live. Discover now