Strawberry or Vanilla ?

33.8K 2.2K 31
                                    

Check Unicode Version below ⬇️

#Zawgyi

“ ဟယ်လို ? “

“ စတော်ဘယ်ရီလား ? ဗန်နီလာလား ? “

“ ဘာ ? “

စာသင်ချိန်အတွင်းဖုန်းထမြည်၍ ပြာသလဲလဲကောက်ကိုင်မိတော့ ဘုရားစူးမိုးကျိုးပွတ် Killian ဖြစ်နေသည် ။ ပြီးတော့မေးလိုက်သည်က အဓိပ္ပါယ်မရှိတဲ့မေးခွန်း ။

စာသင်ခန်းထဲမို့ ပြန်မအော်မိအောင်စိတ်ကိုထိန်းပြီး ဖုန်းကိုချပစ်လိုက်သည် ။

“ သမီး အရေးကြီးရင် ထွက်ပြောလေ “

တီချယ်ချမ်းက May. ကိုပြုံးပြကာ ခွင့်ပြုပေး၏ ။ ပုံမှန်ဆိုလျှင် စာသင်ချိန်ဖုန်းပြောရင် အပစ်ပေးခံရပါသည် ။ ဒါပေမယ့် May က စာတော်တဲ့ကျောင်းသားဖြစ်တဲ့အပြင် ငြိမ်လဲငြိမ်၍ တီချယ်ချမ်းက May. ကိုဆို အရေးပေးတတ်၏ ။

“ အရေးမကြီးပါဘူး ။ ရတယ် တီချယ် “

May ခေါင်းခါငြင်းလိုက်သည် ။ Killian ဆိုတဲ့ကောင် May ကိုတမင်နှောက်ယှက်တာ ဆိုတာ ပြေးကြည့်ဖို့မလို ။

ထိုစဉ် ဖုန်းကထပ်မံမြည်လာပြန်၏ ။ ဒီတစ်ခါတော့ တီချယ်ချမ်းက May.ကို ထွက်ပြောတော့ဆိုတဲ့ အဓိပ္ပါယ်ဖြင့် မျက်လုံးပြူးပြလေသည် ။

May လဲ အောက်နှုတ်ခမ်းကို မညှာမတာဖိကိုက်ကာ ဖုန်းကိုယူပြီး အခန်းပြင်သို့
ထွက်လိုက်ရတော့သည် ။ စိတ်ထဲတွင်တော့ လူတစ်ယောက်ကို ကြိတ်ပြီးကျိန်ဆဲလိုက်မိသည် ။

ညနေကျောင်းဆင်းပြီး အိမ်ပြန်ရောက်ချိန်တွင်တော့ ‘ စတော်ဘယ်ရီလား ? ဗန်နီလာလား ? ‘ ဆိုသည့်မေးခွန်းကို May နားလည်သွားတော့သည် ။ ကိုယ်တော်ချောအား May. အခန်းရှေ့မှာ တွေ့ရ‌လေသည် ။ 

Killian : " အိမ်ပြန်တာကလဲနောက်ကျလိုက်တာ “ 

ထိုသို့ ပျင်းရိပျင်းတွဲဆိုကာ May.ကို သူ  သိပ်ရင်းနှီးနေသလိုပြုံးပြ၏ ။ ထိုအပြုံးတွေက ဘာအရောင်မှမပါ ... ဖြူဖြူစင်စင် ။

Tasting RED : Eros (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ