' Pink Hot Experience '

22.4K 1.2K 83
                                    

#Zawgyi

မရင့်ကျက်တဲ့ သူဟာ လောကဓံဆီ
ကနေ အပြေး အနီရောင်လေးရဲ့
ရင်ခွင်လေးထဲကို ခြေချော်ကျသွားတယ် . . .

မတင်မကျအရာရာကို တန်းလန်းဆွဲထားနေသူဖြစ်လို့ ကျဆုံးရမှာ
စိုးခဲ့ဖူး၏ ။
အကာအရံက မာကျောသယောင် ၊
အတွင်းထဲ၌ ထိခိုက်လွယ်သော သူဟာ
နံရံကို အားနဲ့ပြေးတိုက်နေခဲ့မိသည် ။
ကြက်ဥနဲ့ နံရံကြီးကို ခွဲမယ် . . .
လောကကြီးကို အရွဲ့တိုက်မယ် . . .
နာကျင်နေရ‌တဲ့အခါ ဒါတွေဟာ သူဆိုတဲ့ အရိုင်းအစိုင်းတစ်ကောင်ရဲ့
ကိုယ်လွတ်ရုန်းမှု  ။ 
မိုက်တယ် ယမ်းတယ် . . .

လူတွေက ဆိုကြသည် ။
' Falling in love ' တဲ့ ။
သဘောက ' ချစ်မိသွားသည် ' တဲ့ ။
ဒါပေမယ့် ချစ်မိတဲ့သူအတွက် ' fall '
ဆိုသော အသုံးအနှုန်းက ကြမ်းတမ်းရက်စက်လွန်းသည် ။
မင်းကြောင့် ငါကြွေကျရတယ် . . .
နာလိုက်တာ . . .
ကြွေကျရင် ၊ ပြုတ်ကျရင် နာတာပေါ့ ။
အဲဒါကြောင့် အချစ်ဟာ အနာတရဖြစ်မှုတစ်မျိုးပါပဲ ။

နောက်ဆုံးတစ်ခေါက် သူ လူတစ်ယောက်ကို ချစ်မိစဉ်က ဒဏ်ရာတွေရခဲ့သည်လေ ။
မိခင်ကို ချစ်သော အချစ်နဲ့ သူမလေးကို ချစ်သော အချစ် ၊ အမျိုးအစားတွေ
ကွဲခဲ့သော်လည်း သူ့အတွက်
အားလုံးက ကြောက်စရာကြီးပဲ ။

သို့ဖြစ်ပါ၍ သူ အချစ်ကို
ရှောင်ပြေးမိသည် ။
ကြောက်ရွံမိသည် ။

သူ မှားခဲ့သည်လား ?

*******************************

ခြံဝင်းထဲသို့ ကားဝင်သည်နှင့်
သူမ ခါးလေးမတ်သွားသည် ။
ပုခုံးလေးတွေလဲတောင့်ကာ အသက်ကို
ပြင်းပြင်းရှူနေသည်။ 
သူနဲ့ အတူနေရဖို့က သူမအတွက်
တိုက်ပွဲတစ်ခု ပမာ ။

သူမ စိတ်ပေါ့သွားစေနိုးနိုး သူ
သူမဖက်လှည့်ကာ ပြုံးပြလိုက်၏ ။
ထိုသည်မှ သူမခန္ဓာကိုယ်လေး ပိုပြီး
တောင့်တင်းသွားလေသည်။ 

သူစိတ်တော့မကောင်းပါ ။
ဒါပေမယ့် သူမ သူ့အနားမှာရှိနေ၍
စိတ်ချမ်းသာမှုက အတိုင်းထပ်လွန်ပိုသည်။ 
သူ ချော်ကျခဲ့စဉ်က အောက်မှ
လက်ခံဖမ်းယူပေးခဲ့သော ရင်ခွင်နွေးနွေးလေးမို့ ။
သူမ သည် သူမဖြစ်တာကြောင့်ပဲ
ချစ်မြတ်နိုးဖို့ကို သူနာက်ဆံမတင်းနေတော့ပါဘူး ။

Tasting RED : Eros (Completed)Where stories live. Discover now