'More than Hate'

62K 3.6K 44
                                    

Check Unicode Version below ⬇️

#Zawgyi

" မလိုက်လာနဲ့ ! ရှင်နဲ့ပြတ်ပြီ ဒါပဲ ! "

" ချစ် ! မသွားပါနဲ့ "

ဘေးချင်းကပ်အခန်းမှ သမီးရည်းစားနှစ်ယောက်၏ကျေးဇူးဖြင့် May သည် မနက်အစောကြီးနိုးသွားပြီ ။

ဈေးချိုချိုဖြင့်ရထားသည့် တိုက်ခန်းလေးပဲမို့ အဲသလိုအသံတွေကိုအပြစ်မဆိုပါ ။ အသံလုံတဲ့အခန်းကိုမတတ်နိုင်သည့် May. ရဲ့ကံကြောင့်သာဖြစ်သည် ။

မိဘမဲ့ဂေဟာက‌နေ ထွက်လာခဲ့ပြီး အထက်တန်းအောင်ဖို့ တစ်ယောက်တည်းကြိုးစားရုန်းကန်ခဲ့ရသည် ။ အနာအဆာတွေပြည့်နေသောရွက်သစ်လေးပီပီ May. ရဲ့အနာဂတ်ဟာ ပညာမတတ်လျှင် ထမင်းနပ်မှန်စားရဖို့ပင် မဖြစ်နိုင် ။

အတိတ်ရဲ့အပိုင်းအစတချို့ကို ပြန်ပြောင်းမြင်‌ယောင်ရင်း ဝဲတက်လာတဲ့မျက်ရည်တွေကိုချူပ်တည်းကာ အိပ်ယာပေါ်ကနေဆတ်ခနဲထလိုက်သည် ။

May ဟာ အရိပ်တွေအောက် ကြောက်ရွံကုပ်ကွေးနေတတ်တဲ့ သူမှမဟုတ်တာ ... ။

အိပ်ခန်းနံရံပေါ်မှာ ပြန့်နေအောင် ချိတ်နဲ့ချိတ်ထားသည့် နက်ပြာနဲ့အနက်စပ်ကျောင်းဝတ်စုံကို ငေးကြည့်မိသည် ။

အထက်တန်းအတွက် ပညာသင်ဆုရခဲ့၍ Royal High လိုနာမည်လဲကြီး၊ စရိတ်လဲကြီးသည့် ကျောင်းကောင်းတွင် ပညာသင်ခွင့်ရခဲ့ခြင်းဟာ May. အတွက် ကံကောင်းမှုကြီးပါ ။ အမြဲတမ်း တစ်ကျောင်းလုံး Top ten ထဲဝင်နေအောင်ထိန်းရင်း May ဆိုတဲ့ သူဆင်းရဲမလေးဟာ သူချမ်းသာ ကလေးတွေကြားထဲ ဝင်ဆန့်ခဲ့ပါသည် ။

May.ကိုမလေးစားကြပေမယ့် အနည်းဆုံးတော့ အနိုင်မကျင့်ကြပေ ။

ထိုသို့ဖြစ်အောင်လဲ May ကပြဿနာတွေနဲ့‌ ဝေးဝေးမှာ နေခဲ့တာဖြစ်သည် ။ မနေ့ကအထိပေါ့... ။

Killian King လို ပြဿနာတွေဝိုင်းနေတဲ့သူနဲ့မှ မတော်တရော်အချိန်မှာ တွေ့ရတယ်တဲ့ ... ။

အဲ့ဒီအဖြစ်အပျက်ကြောင့် May. စိတ်ထဲတနုံ့နုံ့ ။

သေချာသည်က May သူနှင့်အတတ်နိုင်ဆုံး ဝေးအောင်ရှောင်ရမည် ။အဘယ်ကြောင့်ဆိုသော် Killian King ဆိုတဲ့ကောင်လေးဟာ အသည်းခွဲဂိမ်းတွေမှာပဲ ကျွမ်းကျင်တာမဟုတ်၊ တစ်ပါးသူကိုပြဿနာရှာတဲ့ နေရာမှာပါ ရှင်ဘုရင်တစ်ပါးဖြစ်နေလို့ပင် ။

Tasting RED : Eros (Completed)Where stories live. Discover now