Without you

19.8K 1.5K 40
                                    

Unicode is Below ⬇️

#Zawgyi

စာမေးပွဲလဲပြီး အချိန်တွေ ရွေ့လျားသွားတော့ May သည် အတော်တည်ငြိမ်သွားပြီဖြစ်သည် ။

နှလုံးသားတွင်ဒဏ်ရာတစ်ချက်တိုးရုံဖြင့်
ပြိုလဲကျရအောင် May သည်မပျော့ညံ့ပါ။
ထိုဒဏ်ရာများကို သယ်ပိုးရင်းပွေ့ပိုက်ရင်း
May ရှင်သန်သွားမည် ။

သူနဲ့ပတ်သက်လျင် May.တွင် နောင်တဟူ၍မရှိပါ ။ ဘာကြောင့်လဲလို့မေးရင် May သည် မိမိနှလုံးသားထဲမှာ ရှိရင်ရှိတဲ့ အတိုင်းအချစ်များကို အပြည့်အဝထုတ်
ဖော်ပြခဲ့တယ်လေ ။ သူ့အား ရင်ခွင်တစ်ခုလုံးနဲ့ ပေးဆပ်ခဲ့တယ်လေ ။

ပေးဆပ်ခဲ့သလောက်လဲ သူ့အား ရူးသွပ်စွာ နာကျင်စေချင်နေတာကတော့ အချစ်ရဲ့စိတ္တဇဆန်မှု တစ်မျိုးဖြစ်မည် ။ May.ရဲ့အချစ်တွေသည် ထင်ခဲ့သလို မဖြူစင်ခဲ့လို့ပဲနေမည် ။ အဆိပ်နဲ့တူသော အချစ်သည်
ဘယ်လောက်ပဲဆုတောင်းပါသော် အရသာရှိတဲ့ဝိုင်အဖြစ် မပြောင်းနိုင် ။အဆိပ်က အဆိပ်လိုပဲပြုမူ၏။

အဝတ်အစားအိတ်ထဲ တစ်ပိုင်တစ်နိုင်လောက်ထည့်သယ်ကာ လာကြိုမည့်ကားကို တိုက်တန်းရှေ့တွင် May စောင့်နေသည် ။ စာမေးပွဲလဲပြီးပြီဖြစ်၍ ကမ်းချေမှာ စိတ်လွတ်ကိုယ်လွတ် တဝပျော်ပစ်ဖို့ စီစဉ်ထား၏ ။ 

Lan : " May ! "

အမိုးပွင့်ကားဖြူ လေးတစ်စီး May. အရှေ့ထိုးရပ်သွားသည် ။

ဂျင်းစကတ်အတိုအပြတ်နှင့် အဖြူရောင်လက်တစ်လုံးကြိုး
Crop top လေးကို ဝတ်ထားသော Lan သည် ကားတံခါးမဖွင့်ပဲ ကျွမ်းကျင်စွာ ကျော်ဆင်းလာ၏ ။ ထို့နောက် May. လက်ထဲမှ အဝတ်အစားအိတ်ကို လာဆွဲလုကာ ကားနောက်ခန်းထဲပစ်ထည့်သည် ။

" Lan ? Shen တို့လာကြိုမယ်ထင်နေတာ "

May က တအံ့တသြမေးတော့ Lan က
ပုခုံးတွန့်ပြသည် ။

Lan : " ပထမတော့ ငါအမူးပြေမှ
လာမလို့ပဲ ။ ဒါပေမယ့် ငါဖမ်းချင်တဲ့ သူလေးကို တွေ့ဖို့မစောင့်နိုင်တော့လို့ ဟက်ဟက် "

Tasting RED : Eros (Completed)Where stories live. Discover now