Tasting RED: Eternal (1)

17.7K 555 50
                                    

#Zawgyi

Markkian King ...
သူသည် မွေးဖွားလာတည်းက မှော်ဝင်တုတ်တံဖြင့် ... ကမ္ဘာလောကကြီးတွင် လက်ညိုးထိုးသမျှအကုန်အပိုင်ရသည် ။ စွမ်းအားနှင့် ရုပ်ရည်မှာလဲထိတ်ထဲပါကာ လက်တစ်ဆုပ်စာလူတန်းစားတို့၏ အပေါ်တွင်ရပ်ရသည် ။

သို့သော် ...
ဘယ်လောက်ပဲမြတ်နိုးပါစေ အဝေးကငေးကြည့်နေရုံ ၊ စိတ်ကူးနဲ့ပွေ့ဖက်ရုံသာတတ်နိုင်တဲ့ တည်ရှိမှုတစ်ခု သူ့ရဲ့လောကမှာလဲရှိသည် ။

ယခုသူ့မျက်စိအရှေ့မှ မျက်ဝန်းညိုတွေမှေးစင်းကာ အသိစိတ်မလွတ်ရုံတမယ် မူးဝေနေသောအနှီယောင်္ကျားကို သူသည် သေလောက်အောင် တောင့်တခဲ့တာ ။

ဖြည့်ဆည်းခွင့်မရတဲ့ တမ်းတမှုတွေကြောင့် သူ တစ်နေ့စိတ်‌ဖောက်ပြန်သွားမယ်လို့ထင်ခဲ့ဖူးသည် ။ ဒါပေမယ့် အခု ထိုလူသားဟာ သူ၏လက်အောက်မှာ ကယ်ရာမဲ့လျက် ... ။

အိပ်ခန်းထဲ စာကြည့်မီးတစ်ခုသာဖွင့်ထားတာမို့ အခန်းဟာ အနည်းငယ်မှောင်နေ၏ ။ ညသန်းခေါင်အလည်ကြီး သူ့အိပ်ခန်းထဲ အကြောက်အလန့်မရှိအလည်လာတဲ့ယောင်္ကျားဟာ သူ့ကိုပျားရည်လွှမ်းတဲ့အိပ်မက်ဆိုးတွေပေးဖို့ မွေးဖွားလာသူဖြစ်သည် ။

ဝီစကီထဲခပ်ထား‌ခဲ့တဲ့ စိတ်ကြွဆေး၏ အရှိန်သည် Kuu လို သန်မာသော ယောင်္ကျားတစ်ယောက်ကိုပင် အားအင်မဲ့သွားစေနိုင်သည် ။ အခုပဲကြည့် အရည်လဲ့သောညှို့မျက်ဝန်းတွေ ၊ ပန်းရောင်သမ်းသောပါးပြင်တွေနဲ့ သူ့အရှေ့မှာ တုန်ယင်နေပြီလေ ။ သူ့ရဲ့ အသိတရားတွေကို တစ်လွှာချင်းခွာချဖို့ အကြင်သူစေစား‌နေလေသလား ... ။

လူကြီးလူကောင်းဆန်ပြီး မာနသိက္ခာအတိပြီးတဲ့ Kuu ဟာ ဒီလိုမျိုးပြိုင်ဖက်ကင်းဖြားယောင်းသူဖြစ်နေမယ်လို့ သူဘယ်တော့မှမထင်ခဲ့ပေ ။ Kuu ဆိုတာက သူ့စိတ်ကူးယဉ်ကမ္ဘာရဲ့ အလင်းတန်းဖြူကလေးမဟုတ်လား ။

" အရက်ထဲမှာ ဆေးပါတာကို မင်းသိပါတယ် Kuu ... အဲဒါကို ဘာကြောင့်သောက်ခဲ့တာလဲ ... ? "

ဆေးမိနေတာကြောင့် ဆိုဖာပေါ်ထိုင်နေရာမှ လှဲလျောင်းလိုက်ကာ အသက်ကိုခက်ခဲစွာရှူနေရသော Kuu ကို မျက်နှာချင်းဆိုင်ဆိုဖာ‌မှ ထိုင်ငေးနေရင်းပဲ သူမေးလိုက်၏ ။

Tasting RED : Eros (Completed)Where stories live. Discover now