' Loveless '

27.5K 2.1K 21
                                    

Check Unicode Below ⬇️

#Zawgyi

“ May ! “

ကျယ်လောင်သော ခေါ်သံနက်နက်တစ်ခု ... ။

May ရော ထိုယောင်္ကျားပါ အသံလာရာကို ပြိုင်တူလှည့်ကြည့်လိုက်ကြသည် ။ May.ဆီ တန်းတန်းမတ်မတ်လျောက်လာနေသည်က နက်ပြာရောင်မီးလျှံတွေနဲ့ Killian King... ။ သူဘာတွေကို ဒေါသထွက်နေပြန်ပြီလဲ ? ဒီနေ့က May. အတွက်ပြဿဒါးနေမည် ။

ဆိုင်ထဲကို ခြေလှမ်းကျဲကြီးတွေဖြင့် ဝင်ရောက်လာခဲ့တဲ့သူ့ကို ထိုယောင်္ကျားသည်တအံ့တဩခေါ်လိုက်လေသည် ။

“ Killian ? “

Killian : "  Dawn ?  “

Dawn : " ဘာ Dawn လဲ ၊ အစ်ကိုထည့်ခေါ် ဟျောင့် “

Dawn ဆိုတဲ့ ထိုလူကပြောရင်းဆိုရင်းထသွားကာ Killian.ကိုသွားဖက်၏ ။ သူတို့နှစ်ယောက် အပြန်အလှန်ရင်းနှီးပုံရတာမို့ May မှာအံ့ဩကာ ငေးကြည့်လျက် ။

Dawn : " အမေရိကားက ပြန်ရောက်တာ နှစ်စတည်းကဆို ? ကိုယ်လဲ လာမတွေ့ဖြစ်ဘူး ။ ဘယ်လောက်တောင်ရှိသွားပြီလဲ မတွေ့ကြတာ ... တစ်နှစ်လား ? “

Dawn က Killian ၏ကျောကုန်းကို အားပါးတရရိုက်ကာပြော၏ ။ သူတို့နှစ်ယောက်သည် တော်ရုံမိတ်ဆွေတွေ
မဖြစ်နိုင် ။

Dawn : " လာထိုင် “

အံ့သြနေသေးသည့် Killian ကို ဆွဲလာကာသူ၏ဘေးကခုံမှာပေးထိုင်သည် ။ ပြီးနောက်သူက May နဲ့ Killian ရဲ့အလယ်မှာနေရာယူလိုက်၏ ။

“ အစ်ကိုနဲ့ Killian နဲ့က ...? “

May လဲ သိချင်ဇောဖြင့်မေးလိုက်တော့သည် ။

Dawn : " ကိုယ်တို့က ငယ်သူငယ်ချင်းရော ၊ ညီအစ်ကိုရောပါပဲ ။  ငယ်ငယ်လေးတည်းက ပုခုံးဖက်ပြီးကြီးလာတာ “

မျက်မှောင်ကြီးကုပ်ကာ ထိုင်နေသော သူ့ပုခုံးကိုတရင်းတနှီးဖက်ထားရင်း Dawn ကရှင်းပြသည် ။ အစ်ကိုကြီးတစ်ယောက်အရှေ့မို့လားမသိ သူ၏ပုံစံသည်ဂျစ်ကန်ကန်ညီလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေ၏ ။ May ကြိတ်ကာပြုံးမိသည် ။

Tasting RED : Eros (Completed)Where stories live. Discover now