' Some sunny days '

14.1K 957 63
                                    

#Zawgyi

ခန်းမကြီးတစ်ခုလုံး ဟိန်းထွက်သွားသော လက်ခုပ်သံများအလယ် ။

မီးရောင်တွေစီးမိုးတဲ့ catwalk စင်ပေါ်၌ ပန်းစည်းများကို ‌ပွေ့ပိုက်ထားသော အမျိုးသမီးငယ်၏ မျက်နှာတွင်
အပြုံးပန်းတို့ဝေဆာနေသည် ။
မြင်သူငေးလောက်အောင် လှပနေသော်လည်း မော်ကြွားခြင်းမရှိ ။
လူအများ ချီးကျူးအားကျရလောက်သော အောင်မြင်မှုကို ဆွတ်ခူးထားပါသော်လည်း ထောင်လွှားခြင်းမရှိ ။
နှုတ်ခမ်းဖူးဖူးတွေပေါ်မှ အပြုံးသည်
မပိုမလျှံတည်ငြိမ်နေသည် ။
မျက်ဝန်းညိုတွေထဲမှ ရင့်ကျက်မှုသည် ကြည်ကာလင်းလက် နေသည် ။
ကျောက်စိမ်းပမာလှပသည့် ရှည်သွယ်သော လက်ချောင်းများက သူမ၏ရင်ဖက်ပေါ်၌ အိနြေ္ဒယေရှိစွာဖုံးဖိထားကာ၊ ကောင်းချီးဩဘာပေးနေသော စင်အောက်မှ ပရိသတ်များအား ခါးအနည်းငယ်ကိုင်းကာ အရိုအသေပေးသည် ။

" နောက် season အတွက် အကြံအသစ်တွေရှိနေပြီလား ? ဖြေကြားပေးပါ "

" Newbie designer တစ်ယောက်အနေနဲ့ အမြဲတမ်း ဘယ်လိုအရာတွေက inspired ဖြစ်စေတာလဲ ? ဖြေကြားပေးပါ "

" Brand နာမည် INLoveSeptember ထဲက စက်တင်ဘာဆိုတာဟာ ဘယ်သူ့ကိုဆိုလိုတာဖြစ်မလဲ ဖြေကြားပေးပါ ? "

ဒုတိယမြောက် show ၌ပင် ဖက်ရှင်လောက၏ Icon တစ်ခုဖြစ်ခဲ့သော ငယ်ရွယ်သည့်ဒီဇိုင်နာအသစ်လေးဖြစ်တာကြောင့် သတင်းသမားများမှာ အရည်ရွှန်းသောသတင်းတစ်ပုဒ်ရရန် မျော်လင့်နေကြ၏။
May သည် ဖက်ရှင်တက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခဲ့သော ကာလများကပင် King Family ၏ပထမသားနှင့်သတင်းထွက်သလိုလို ၊ဒုတိယသားနှင့်သတင်းထွက်သလိုလို ၊ အမျိုးမျိုးသော King Family ၏ scandal များ၌ ပါဝင်ခဲ့ဖူး၏ ။
ထို့ကြောင့် သတင်းမီဒီယာများအကြိုက်ပန်းကန်ပြား‌ပေါ်မှ အသားတုံးကလေးဖြစ်နေ၏ ။
ဒါ‌ကြောင့်ရှင်းဖို့ အခွင့်အရေးရတုန်း အရာအားလုံးကိုရှင်းလင်းသွားစေချင်သည် ။
ထို့ကြောင့် ကင်မရာမီးရောင်များအောက်တည်ငြိမ်စွာ နှုတ်ခမ်းလွှာနှစ်ချပ်အား လှပစွာကွေးရင်း ထိုသူများအကြားချင်ဆုံးသော အကြောင်းအရာကို စကားစလိုက်၏ ။

" September ဟာ M. ရဲ့ ဒီနေရာမှာ နေတဲ့ တစ်‌ယောက်တည်းသော လူသားတစ်ယောက်ပါ
Brand နာမည်အပြည့်အစုံက အမှန်တော့ M.INLoveSeptember လို့ခေါ်တယ် . . . နည်းနည်းရှည်သွားသလားနော် "

Tasting RED : Eros (Completed)Where stories live. Discover now