သူ့ ရဲ့လောကကြီး /သူ့ရဲ့လောကကြီး

19.8K 1.3K 30
                                    

Unicode Below ⬇️

#Zawgyi

လာဗန်ဒါပန်းနံ့သင်းနေသော အဲယားကွန်းလေအေးကို ရှူရှိုက်ရင်း၊ မှုတ်ထုတ်ရင်း
လက်ထဲမှ အိတ်ဆောင်မှန်ကို ထောင်ကြည့်မိပြန်တော့ ကားမောင်းနေတဲ့ Dawn က ခပ်ပြုံးပြုံးဆိုသည် ။

" အရမ်းလှတယ် May , စိတ်မပူပါနဲ့ ။ ဟိုရောက်လို့ ယောကျာ်းတွေဝိုင်းခံရမှာကိုပဲ စိတ်ပူ ဟားဟား "

May. အား စိတ်သက်သာရာရသွားစေလိုသည့် Dawn ရဲ့ စနောက်မှုက အထောက်အကူမဖြစ်ပါ ။

" Killian , သူ May.ကိုတွေ့ရင် စိတ်ဆိုးမှာ ။ သူက May. ကိုမလာစေချင်ဘူး "

ဘေးနားက ကြင်နာတတ်သောမျက်ဝန်းညိုတစ်စုံကို ကြည့်ပြီး May ငြီးငြူ‌နေမိသည် ။ နားဆွဲနှစ်ဖက်မှ လိပ်ပြာသဏ္ဌာန်လေးတွေမှာ May ခေါင်းကို လည်နေအောင်ခါလိုက်၍ အသက်ဝင်သွားဟန် ကွန့်မြူးသွား၏ ။

လှုပ်ယမ်းသွားသော လိပ်ပြာလေးတွေနည်းတူ ဘေးမှကောင်လေး၏ နှလုံးသားသည်လဲ တုန်ယင်သွားလျက် မျက်လုံးတွေလွှဲသွားသည် ။ ဘာမှ ဆက်မပြောတော့ ။

Killian ၏ ဖခင်ဖြစ်သူ, ငရဲစစ်သူကြီး၏
ဖိတ်ကြားမှုကို မငြင်းဆန်ရဲတာမို့ Midnight Blue စံအိမ်ကြီးသို့‌ May ရောက်လာပြီ ။

တစ်နေ့ညက ဆေးရုံတွင် Killian. ကို May နောက်ဆုံးတွေ့လိုက်ရကာ
အဆက်အသွယ်မလာတော့‌ပေ ။ သွေးအေးနိုင်လွန်းတဲ့သူ . . . ။ တစ်ဖက်တွင်လဲ May ကိုယ်တိုင်က မဆက်သွယ်ရဲခဲ့တာပါ ။ သူ့နှုတ်ခမ်းက ခါးခါးသီးသီး ငြင်းလွှတ်မှာကို မလိုလားလို့ပါ ။

ထိုညက သူသည် May. အား သူ့ဘဝထဲ
ပေးမဝင်စေလို၊ မပတ်သတ်စေလိုကြောင်းကို ဟန်မဆောင်ပါပဲ ဖော်ထုတ်ပြသခဲ့သည် ။ May.ဖက်က ဘာတွေပဲ ထိခိုက်နာကျင်သွားပါစေ သူအမှုမထားခဲ့ ။

သူသည် May နဲ့ သူ့ကြားတွင် တံတိုင်းကြီးတစ်ခုကို ဆောက်ခဲ့သည် ။ ထိုတံတိုင်းတွေသည် May. အတွက်
သိပ်ကိုမြင့်မားလွန်းကာ မကျော်လွှားနိုင်တော့ . . . ။

Tasting RED : Eros (Completed)Where stories live. Discover now