' The Love of His Life '

19.4K 1K 49
                                    

#Zawgyi

ကုတင်ခေါင်းရင်း လိုက်ကာကြားမှ မှိန်ပြသောနေရောင်ကြောင့် May သည် နိုးလာပြီး ဆက်အိပ်လို့မရတော့ . . . ။

ညအခါက လောဘကြီးလွန်းခဲ့သောသူ့ကြောင့် မနက်ထလျှင် ပင်ပန်းနေတော့မှာ စိုးခဲ့ပေမယ့် ထိုသို့မဟုတ်နေ ။
မျက်လုံးဖွင့်လိုက်သည်နှင့် ခေါင်းထဲကြည်လင်ကာ ၊ ရင်ထဲပေါ့ပါးနေခဲ့၏ ။
May . ခန္ဓာကိုယ်ကို အဆုံးအစွန်အထိတွန်းအားပေးတတ်သော အရူးအနှမ်းလေး၏စိတ်ဆန္ဒတွေနှင့် May ရဲ့အသွေးအသားတွေသည် ကျင့်သားရနေခဲ့ပြီထင်ပါသည် ။
အခုမှတော့ May ငြင်းဆို၍ မရတော့ပေ ။

ယခု ညာဖက်ဘေးကိုကြည့်လိုက်လျှင် အိပ်ပျော်နေသောသူရှိနေပြီး အတွေးများထဲဝင်ကြည့်လျှင်လဲ သူသာရှိနေသည် ။
သေချာတာက သူက May. ကို မလွှတ်တာ မဟုတ်ပဲ ၊ May က သူ့ကို မလွှတ်တာနေမည် ။
သူ့ဆီက ထွက်ပြေးမိတဲ့အကြိမ်တိုင်းမှာ May ဟာ သူ့ရဲ့အကျီစကိုမလွှတ်စတမ်းဆွဲထားပြီး ၊ May. ကို လွှတ်ပေးပါဟု အဓိပ္ပါယ်မဲ့စွာ အော်ဟစ်နေမိသလို ခံစားရသည် ။
ဒါကြောင့်လဲ နောက်ဆုံးမှာ သူ့ဆီကိုပဲ အမြဲပြန်ရောက်လာတာဖြစ်မည် ။
May ကိုယ်တိုင်က မပြေးတာလေ . . . . . ။

" ဟင်း ! နင်ပဲဆိုတာ သေချာတယ် Killian "

သူလုပ်ချင်ရာလုပ်ပြီး ပီတိဖြာနေသော မျက်နှာဖြင့် အိပ်ယာပေါ်မှောက်လျှက် အိပ်မောကျနေတဲ့ သူ့ကိုကြည့်ပြီး ရေရွတ်လိုက်သည် ။
May. အတွက် စစ်မှန်သောသူဟာ Killian King ဆိုတဲ့ နတ်ဆိုးတစ်‌ကောင်ဆိုတာ သေချာပြီးရင်း သေချာသည် ။

အဝတ်မပါပဲအိပ်‌နေတာကြောင့် သူ့ရဲ့ကျောကုန်းပေါ်က လက်သည်းကုတ်ရာများသည် ငေးနေမိတဲ့ မျက်ဝန်းညိုတွေဆီ တန်းရောက်သွား၏ ။
သွေးစများ မဆိုစလောက်လေးစို့နေသောအရာများလဲရှိကာ ၊ အနာရွတ်ပါးပါးလေးသာကျန်သော အရာတချို့လဲ ဖြူသောအသားအရည်ပေါ်၌တည်ရှိနေလေသည် ။
ထိုအမာရွတ်များသည် ဤလေးငါးနှစ်တာ ကာလတစ်ခုလုံး May မသိပဲ သူ့ကိုပေးခဲ့သော ဒဏ်ရာများဖြစ်၏ ။
May သည် ရှက်ဖွယ်အမာရွတ်ကလေးများကို တအံ့တဩငေးကြည့်နေရင်း မျက်နှာတစ်ခုလုံးပူထူလာတော့သည် ။

Tasting RED : Eros (Completed)Where stories live. Discover now