A starless night

19.2K 1.3K 14
                                    

Unicode is Below ⬇️

#Zawgyi

နှလုံးအိမ်တွေကို တံတိုင်းခတ်ပြီး
နေသားကျခြင်း တံခါးဝမှာ May ဟာ
သော့တစ်ချောင်းနဲ့ ... ။

Alice in Wonderland ထဲကလိုပဲ သော့ပေါက်လေးကနေ ဆန်းပြားပြီး မှောင်ဝင်သော လောကတစ်ခုကို May ချောင်းချောင်းကြည့်မိတယ် ။ ထိုလောကကြီးကအန္တရာယ်တွေနဲ့ သွေးဆောင်မှုတွေနဲ့ ။

ဒါပေမယ့် စူးစမ်းလိုတဲ့ ကြောင်ကလေးပမာ May မဆိုင်းမတွပဲ သော့ချောင်းကိုသော့အိမ်ထဲထိုးသွင်းလိုက်တယ် ။

... ' ဂလောက် ' ခနဲ တံခါးဟာ ပွင့်သွားခဲ့တယ် ။

မှောင်ဆန်သော လောကကြီးဟာ
ချက်ချင်း ရေခဲအတိပြီးတဲ့ သွေးပျက်ဖွယ်လောကကြီးအဖြစ်အသွင်ပြောင်းသွားတယ် ။

Killian : "   ကြိုဆိုပါတယ် ... ကိုယ့်ရဲ့လောကကြီးက "  

* * * * * * * * * * * * * * * * * * *

" မဟုတ်ဘူး ! "

ကြောက်လန့်တကြား May မျက်လုံးတွေကိုဖွင့်လိုက်တော့ မည်းမှောင်သော မျက်နှာကျပ်တွေ ... ချွေးများဖြင့်စိုစွတ်နေပြီဖြစ်သော ဆံနွယ်တွေက မျက်နှာနှင့် ကျောပြင်တွင် စေးကပ်လျက် ။ မောဟိုက်စွာအသက်ရှုရင်း ရင်ဖက်ကိုဖိထားလိုက်သည် ။

ထူးဆန်းတဲ့ အိပ်မက်တွေ ... ။

ဝမ်းနည်းခြင်းအခမ်းအနားမှ ပြန်လာပြီးတည်းက May. စိတ်ထဲတွင် ဆူးတစ်ချောင်းစိုက်ထားသလို ... တဆစ်ဆစ်၊ လှုပ်ရှားလိုက်တိုင်း နာကျင်၏ ။

ထို့ကြောင့်လဲ May အသက်တွေအောင့်
ထားခဲ့မိသည် ။ သူ့ရှေ့တွင် လူသေတစ်ယောက်ပမာ အသက်လဲမရှူ ၊ အသံလဲမထွက်တော့ ။ သူကလဲ နားလည်စွာ အနားမလာတော့ပဲ သူ့အိမ်သာပြန်သွား၏။ 

အမှန်တကယ် ဒဏ်ရာရသူက မညည်းညူရပါပဲ ၊ May က အပိုလုပ် အော်ငိုနေသလို ခံစားရသည် ။ သူ့အပေါ် မတရားပေ ။

အိပ်မက်ထဲမှ အော်ဟစ်အကူအညီ
တောင်းနေသော ကောင်လေးကို မြင်ယောင်လာမိသည် ။

သူသည် ကယ်ရာမဲ့နေခဲ့သည် ။ May သည် ဘေးနား၌ ရပ်နေခဲ့ပါလျက် လက်မကမ်းနိုင်ခဲ့ ။

Tasting RED : Eros (Completed)Where stories live. Discover now