' Sweet & Sour Love Life '

13.7K 956 29
                                    

#Zawgyi

သူ့မျက်နှာရှေ့ ပျံဝင်လာသော ခေါင်းအုံးကိုဖမ်းထားလိုက်ကာ ဆိုဖာပေါ်၌ မျက်နှာလေးဆူပုပ်လျက် ထိုင်နေသော ကောင်မလေးအနားတိုးကပ်သွားလိုက်သည် ။
အနားရောက်တော့ မသိမသာဆိုဖာပေါ်တက်ထိုင်လိုက်ကာ သူမပုခုံးလေးနဲ့မိမိပုခုံးကိုထိထားလိုက်သည် ။
အငွေ့အသက်လေးတွေသည်
သူ့နှလုံးသားကို ကခုန်စေ၏ ။

ထို့နောက် ဖြေးညှင်းစွာ
သူမလက်လေးတစ်ဖက်ကို မိမိလက်ဖြင့်အုပ်‌ထွေးကာပေါင်ပေါ်ဆွဲတင်ထားလိုက်သည် ။
သူမကိုယ်လေးတွန့်သွားကာ
မျက်ဝန်းညိုညိုတွေက ပျော့ပျောင်းသွား၏ ။
သူသည် ပြုံးရယ်ချင်စိတ်ကို ကြိတ်မှိတ်ထားလိုက်ကာ လက်ထဲကဖြူနုနေသောလက်ဖမိုးလေးကို ပွတ်ပေးနေလိုက်သည် ။
သူ၏ လက်ဖမိုးကိုမညှာမတာ ဆွဲဆိတ်ထား‌ပေမယ့် သူကတော့ ဤလက်ဖမိုးလေးကို အကြင်နာတွေသာပေးချင်သည် ။
သူ့အပြုအမူက သူမရဲ့ကြင်နာသနားတတ်သောစိတ်နှလုံးအပေါ်အခွင့်ကောင်းယူနေပေမယ့်လို့ ။

Killian : " ကိုယ် တောင်းပန်ပါတယ် အိုကေ . . . "

သူ့စကားတွေအဆုံး သူမ သူ့ဖက်လှည့်လာ၏ ။

" ငါပြောထားတယ်လေ . . .
ငါ ကလေးစောစောမလိုချင်ဘူးလို့
နင် မဖြစ်နိုင်တဲ့အိပ်မက်တွေမမက်ရင်ကောင်းမယ် "

သူမလေး၏ စကားလုံးတွေက တချက်တည်းသူ့နှလုံးသားကို အသေသတ်သလို ။
တကယ်ပဲ သူမ သူ့ကိုပြောခဲ့သည် ။
သူမ ကလေးမလိုချင်ဘူးလို့. . .
ဒါပေမယ့် သူသည် သူမနဲ့ပတ်သတ်လျှင်
ခပ်လွယ်လွယ် ယောင်္ကျားတစ်ယောက် ။
ကျရှုံးပေမယ့် အကြိမ်ကြိမ်ကြိုးစားကြည့်ဦးမည် ။

Killian : " . . . ဘာဖြစ်လို့လဲ ?
ကိုယ်နဲ့ လက်မထပ်ရသေးလို့လား ?
မင်း အဲဒါကိုစိတ်ပူရင် ကိုယ်တို့ အခုလက်ထပ်ကြမယ်
လက်ထပ်တာပဲအဲလောက်မခက်ဘူး "

" ဟာ့ ! အဲဒါတွေကြောင့်ပဲ
ငါ ကလေးမယူချင်တာ
နင့်စကားကို နင်ပြန်နားထောင်ကြည့်လေ လက်ထပ်တာပဲ အဲလောက်မခက်ဘူးဆိုပဲ ဟား ! "

သူ့စကားကို သူမသည် တလွဲနားလည်သွားသည် ။
သူမဒေါသတွေထွက်သည် ။
သူ့လက်ကို ခါချကာ ထိုင်ရာမှထသည် ။
သူလဲ ဒေါသဖြစ်ကာ သူမနည်းတူ
ထရပ်ကာဆိုလိုက်သည် ။

Tasting RED : Eros (Completed)Where stories live. Discover now