Special : ' Sexily ever after '

28.1K 892 66
                                    

#Zawgyi

ကျွန်မနာမည်က မီးမီး ။

ထူးဆန်းတဲ့ နာမည်လို့မပြောနဲ့နော်. . . ကုတ်ထည့်လိုက်မယ် ။
ကျွန်မ ဒီနာမည်ကို သိပ်ကြိုက်တာ . . . ကျွန်မရဲ့ မေမေကိုယ်တိုင်ပေးထားတာလေ ။

ကျွန်မရဲ့ ဖေဖေနဲ့ မေမေက ကျွန်မကို သိပ်ချစ်ကြတာ ။
ဖေဖေနဲ့ မေမေနှစ်ယောက်တည်းက ဘယ်သူ့ကိုပိုချစ်သလဲ မမေးနဲ့ ။
သေချာပေါက် နှစ်ယောက်လုံးကို
ချစ်တာပေါ့ ။

သူတို့နှစ်ယောက်ဟာ ကျွန်မနဲ့မတူပဲ အမွှေးမပါတဲ့ ကြောင်ကြီးတွေပါ ။
ကျွန်မမှာကတော့ ကျွန်မသိပ်ဂုဏ်ယူရတဲ့ အဖြူရောင်အမွှေးပျော့ပျော့လေးတွေရှိတယ်လေ ။
ဒါကလဲ သေချာပေါက် မေမေ့ရဲ့ နေ့စဉ်ဖီးလိမ်းပေးမှုကြောင့်‌ပဲပေါ့ ။
ဖေဖေနဲ့ နေစဉ်ကဆို ကျွန်မကို တစ်ခါမှ မဖီးလိမ်းပေးဘူး ။
အဲဒီတုန်းက ကျွန်မဟာ သိပ်ရုပ်ဆိုးတဲ့ ကြောင်ပေါက်လေးတစ်ကောင်ဖြစ်ခဲ့တာ ။

" မီးမီးရေ လာ လာ အမွှေးတွေဖီးရအောင် ပြီးရင် Christmas သစ်ပင်နဲ့ ဓာတ်ပုံရိုက်ပေးမယ် "

ဟော မေမေခေါ်နေပြီ . . .

May . ခေါ်သံကိုကြားသော
ကြောင်ဖြူလေးသည် ခုန်ကာပေါက်ကာနှင့် ပြေးလာလေတော့သည်။
မီးမီးလေးသည်လဲ စတွေ့ခါစနှင့်မတူတော့ပဲ အရွယ်ရောက်သော ကြောင်မလေးဖြစ်ခဲ့ပြီ ။
May နဲ့ သူ လက်ထပ်ပြီး မီးမီးသည် အဖိုးတန်မိသားစုဝင်ဖြစ်ခဲ့သည် ။

May. ပေါင်ပေါ်၌ ဗိုက်လေးဖော်ကာ ကားယားလာလှဲချသောကြောင်ဖြူလေးကို
အမွှေးတွေဖီးသပ်ပေးပြီး အနီရောင် ကြောင်ဆွယ်တာသေးသေးလေးဝတ်ပေးလိုက်၏ ။

May သည် နာမည်ကြီးဖက်ရှင် ဒီဇိုင်နာတစ်ယောက်မို့ မီးမီးကိုလဲ ဝါသနာအရ အဝတ်ဆင်ပေးတတ်သည်။
ဒါ့အပြင် ယောင်္ကျားဖြစ်သူကိုလဲ May စိတ်တိုင်းကျဆင်ပေးပြီး
မော်ဒယ်လုပ်ခိုင်းသည် ။
သူက မော်ဒယ်တွေရှုံးအောင်လှတဲ့ ယောင်္ကျားတစ်ယောက်လေ ။
သူကလဲ ဒီဇိုင်နာမိန်းမကိုရထား၍
ဘာမှမတတ်နိုင် ၊ May လုပ်သမျှခံရသည် ။

အဝတ်တွေဆင်ပေးတိုင်း မျက်မှောင်ကြီးကျုံကာ ငြိမ်ခံနေတတ်သည့် ခန့်ညားလှပသော မျက်နှာကိုမြင်ယောင်မိတော့ May ပင့်သက်ချမိသည် ။
သူသည် Christmas နေ့မှာတောင်မှ အိမ်စောစောမပြန်လာပါလား ။

Tasting RED : Eros (Completed)Where stories live. Discover now