" Stay away from me "

20.4K 1.3K 66
                                    

#Zawgyi

Killian : " ဒီအခန်းထဲမှာ ခဏနေခဲ့ ။ ကိုယ်ရေသွားယူပေးမယ် "

May. ကို အခန်းတစ်ခန်းထဲသို့ တွဲခေါ်လာကာ ဆိုဖာပေါ်၌ပေးလှဲလေသည် ။

May ကတော့ သူ့မျက်လုံးတွေကလွဲပြီး ဘာမှမမြင်နိုင် ။ May ရှာဖွေနေခြင်းဖြစ်သည် ။ ရှိလေမလားလို့ . . . တောင့်တခဲ့မိသော အချစ်တချို့ . . . ။

ထထွက်သွားဟန်ပြင်နေသည့် သူ့ကို
May တားလိုက်သည် ။

" Killian , May. ကိုပြော . . . "

စကားမဆုံးလိုက်ပဲ May. အသံတွေက တိမ်ဝင်သွားတော့ သူ လှည့်ကြည့်လာကာ မေး၏ ။ 

Killian : " ဘာလဲ "

" Vi Vi ဆိုတာ ဘယ်သူလဲ ဟင် ? "

May လည်ချောင်းထဲမှ အားယူပြီး ထုတ်မေးလိုက်တော့သည် ။

ထိုနာမည်အား May မုန်းမိသည် ။ ချစ်စရာ နာမည်လေး . . . မိန်းကလေးဆန်သည် ။ အပြစ်ကင်းစင်သည် ။ အားနွဲ့ပုံရသည် ။ လှပတဲ့ အမည်လေးဖြစ်သည် ။

လူကိုယ်တိုင်ကရော . . . ?

သူသည် May. အမေးအား တွေးခနဲဖြစ်သွားကာ နှုတ်ခမ်းတွေတင်းတင်းစေ့သွားလေ၏ ။ ထို့နောက် ဆံပင်နက်တွေကို အားနဲ့ဖွနေသည် ။ သူ့အမူအရာမှာ စိတ်ရှုပ်ထွေးသွားတာထက် May. ရဲ့ထင်မြင်ချက်တွေဟာ အမှန်တွေဖြစ်ကြောင်း ဝန်ခံဖို့အခက်တွေ့နေတာနဲ့ ပိုတူသည် ။

အဲ့ဒီတုံ့ဆိုင်းမှုသည် May.အတွက် သူ့ရဲ့ နောက်ဆုံးကျန်တဲ့ အားနာစိတ်ပဲနေမည် ။

တအောင့်ကြာတော့ လေပူတွေကို မှုတ်ထုတ်လိုက်ပြီး သူ့မျက်ဝန်းနက်ပြာများသည် တည်ငြိမ်သွားတော့သည် ။ ပြီးနောက် May. ကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းပါးတွေ ပွင့်ဟသွား၏ ။

May မှာ စိတ်ထဲမှ တောင်းပန်နေမိသည် ။May.ကို အဲလိုမလုပ်ပါနဲ့. . . ကျေးဇူးပြု ပြီးတော့ . . . ။

" တော် . . . တော်ပြီ ရတယ် မဖြေနဲ့ "

Killian : " မင်းကို ကိုယ်ပြောခဲ့တယ်လေ . . ."

Tasting RED : Eros (Completed)Where stories live. Discover now