' Never Say Never '

38.4K 2.2K 25
                                    

Check Unicode Version below ⬇️

#Zawgyi

“ သောက် သောက် သောက် ! “

လက်ခုပ်လက်ဝါးတီးသံတွေက May.ရဲ့လက်ထဲက ဗော်ကာခွက်ကို တစ်ကျိုက်ထဲမော့ရန် အားပေးအားမြောက်ပြုသည် ။

အဖျော်ဆရာတစ်ယောက်က အရက်မသောက်ဆိုတာက အဓိပ္ပါယ်မရှိပေ ။ ဒါပေမယ့် စာကျမ်းပိုးလေးမှာတော့ တစ်ခွက်တည်းနဲ့ အခန်းကြီးခြာခြာလည်ကာ ဘေးနားမှာထိုင်နေသော Killian ကိုလဲ နှစ်ကိုယ်၊ သုံးကိုယ်ခွဲထွက် မြင်နေပြီဖြစ်သည် ။

ပါတနာနှင့်ကစားရသော အရက်သောက်ဂိမ်းဖြစ်ကာ ရှုံးသည့်သူကခိုင်းတာလုပ်ရသည် ။ May. ဆီကျလာတဲ့ ခွက်တိုင်းကို  သူကအစားသောက်သောက်ပေးနေသဖြင့် အခြားအတွဲတွေကတင်းလာသည့်
ပုံပေါ်သည် ။

“ King ,မင်းရဲ့ပါတနာက ရွက်ကြမ်းရေကျိုလေးလား ? တစ်ခွက်တည်းနဲ့အသိစိတ်လွတ်နေပြီ ။ တို့နဲ့မရဘူး level နိမ့်တယ် ထွက်ခိုင်းလိုက်တော့ “

မျက်လုံးတွေရီဝေကာ ပါးမို့မို့လေးတွေနီတာရဲဖြစ်နေသည့် အမူးသမားလေးသည်က ထို ‘ နိမ့်တယ် ‘ ဆိုသည့် စကားနှင့်ရှောခ့်ရှိသည်ဖြစ်ရာ ...

“ဘာပြောတယ် ? ပေးစမ်း ငါ့ဖာသာသောက်မယ် “

May မခံမရပ်နိုင်ဖြစ်ကာ Killian ၏လက်ထဲမှခွက်ကို အတင်းလုပြီး မော့ချလိုက်တော့ သုံးခွက်မြောက်ပြီ ။

မေ့ကိုလာနှိမ်လို့မရ ။ မူးနေပေမယ့် အထင်သေးတော့မခံနိုင်ပါ ။

ထိုင်လျက်နှင့်ယိမ်းထိုးနေတဲ့အမူးသမား‌လေးမှာ ပျို့အန်တော့မလိုဖြစ်လာတာကြောင့် Killian သည် May. အနားကနေ ခပ်ခွာခွာရွှေ့ထိုင်လိုက်ပြီး‌ ဆူ၏ ။

Killian : " ကျွတ် ! မင်းအန်ရင် ငါအိမ်အပြင်ကို ကန်ထုတ်ပစ်မှာ ဆက်မသောက်နဲ့တော့ “

သူထိုသို့ကျိန်းဝါးပြီး နောက်ထပ်ကျလာသည့် May. အလှည့်ကိုအစားသောက်ပေးရန်ပြင်သည် ။

May သည် မူးလာလျှင် ပိုမိုဆတ်ဆတ်ထိမခံဖြစ်တတ်သည်ဖြစ်ရာ သူ့လက်ထဲကခွက်ကို အတင်းဆွဲလုပြန်သည် ။ သူသည်စိတ်မရှည်စွာ လိုက်ရှုပ်နေတဲ့ May.ရဲ့လက်မောင်းနှစ်ဖက်ကို ညှစ်ဆုပ်ကာအော်တော့သည် ။

Tasting RED : Eros (Completed)Where stories live. Discover now